close
Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များထိမှန် ပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးက ယနေ့(မေ ၃ရက်) ထုတ်ပြန်သည်။

မေ ၃၊ ၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များထိမှန် ပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးက ယနေ့(မေ ၃ရက်) ထုတ်ပြန်သည်။

မေလ ၂ ရက်တွင် နေ့လည် ၁၂ နာရီစ၍ မွန်းလွဲ ၂နာရီခွဲခန့်ထိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာကို လက်နက်ကြီး နှစ်လုံးနှင့် ကုန်းသာ (ခ)မဆုန့်ခွမ်‌ကျေးရွာကို လက်နက်ကြီး ကိုးလုံးပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကုန်းသာရွာမှ နေအိမ် တစ်လုံးနှင့် နမ့်တုတ်ကျေးရွာ ခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စကစ၊ PNO၊PNAတွေက PDFတွေကြောင့် ပြည်သူတွေ ရွာထဲမနေရပါဘူးဆိုပြီး ဝါဒဖြန့်ချင်လို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တာပါ”ဟု အင်းလေးဒေသလူ့အခွင့် အရေးမှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်ရှောင်နေရကြောင်းလည်း ၎င်းက အသိပေးသည်။

စစ်ကောင်စီသည် အပစ်ရပ်သည်ဟုကြေညာထားသော်လည်း မြေပြင်တွင်တိုက်ပွဲ မရှိသည့်နေရာများကိုပါ ဒရုန်းဖြင့် ဗုံးကြဲနေကြောင်းလည်း အင်းလေးဒေသလူ့အခွင့်အရေးက ဆိုသည်။

စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့သည် ညောင်ရွှေမြို့နယ်၏တောင်ပိုင်းရှိ ၎င်းတို့ ဆုံးရှုံးထားရသော နယ်မြေများကို ပြန်ရရန် စစ်ကြောင်းထိုးမည်ဟု ဧပြီ ၆ရက်တွင် ကြေညာထားသည်။

ရေပူကျေးရွာအရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီနှင့် PNAပြည်သု့စစ်တို့ ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရကာ ၎င်းတို့၏ ဒရုန်းတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချရယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့ စစ်၏ ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီနှင့် PNAပြည်သူ့စစ်တို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံနှင့် တော်လှန်ရေးရဲဘော်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။

သတင်း

ငလျင်ဒဏ်ကြောင့် လူသေဆုံးမှုများစွာရှိနေသော အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က ဒရုန်း၊လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။