close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်က ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

စစ်ကောင်စီဗိုလ်ကြီးက အဖမ်းခံရမည်စိုး၍ သေနတ်ဖြင့်ပစ် အဆုံးစီရင်၊ စစ်သား ၁၆ဦး အလံဖြူထောင် လက်နက်ချ

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ − DNLA

ဧပြီ ၂၆၊၂၀၂၅။ဒီဒီး၊ဇော်ရမ်း/People’s Spring

ရန်ကုန် − ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ထားဝယ်မြို့နယ် မောင်မယ်မယ်ရှောင်ကျေးရွာက ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့(ဧပြီ ၂၆ရက်) ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ပါတယ်။

ဒီကနေ့ နံနက် ၆နာရီလောက်က စတင်တိုက်ခိုက်ခဲ့တဲ့ ဒေသအရပ်အခေါ် ဟားလီးကွေ့စစ်ကောင်စီတပ်စခန်းကို ညနေ ၅နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

” စခန်းကို မီးရှို့ခဲ့တယ်။ လက်နက်တွေလည်းရတယ်”လို့ ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၂၀လောက်သာရှိတဲ့ ဟားလီးကွေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၆ဦးက အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ပြီး စခန်းရဲ့အကြီးအကဲ ဗိုလ်ကြီးကတော့ စခန်းသိမ်းပိုက်ခံရအပြီးမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ် အဆုံးစီရင်သွားတယ်လို့ ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

” လေးယောက်က တိုက်ပွဲမှာ သေတာ။ ဗိုလ်ကြီးတော့ အဖမ်းခံရမှာကြောက်လို့ထင်တယ် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်သေသွားတယ်”လို့ ထားဝယ်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေစဉ် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲလို့ ဇဟာကျေးရွာဘုန်းကြီးကျောင်းအနီး ဗုံးကျလို့ အရပ်သားနှစ်ဦး သေဆုံးပြီး ဘုန်းကြီးနှစ်ပါးလည်း ဒဏ်ရာရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF၊ ဓတယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ရက်ကလည်း ထားဝယ်ခရိုင်အတွင်း တပ်မဟာ(၄)နယ်မြေက စစ်ကောင်စီရဲ့ ဗျုဟာစခန်းတစ်ခုဖြစ်တဲ့ ထီးထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီစခန်းက ဗျူဟာမှူးကိုလည်း အသေဖမ်းမိတယ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဝန်းကျင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေကြောင်း အဆိုပါဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိစစ်ကောင်စီတပ်စခန်း ငါးခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ကြောင်း ဒေသခံစစ်ရေးသတင်းရင်း မြစ်နှင့် တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောကြားသည်။