close
Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်အနောက်ကမ်းဒေသဆီ စစ်ကောင်စီတပ်အင်အားဖြည့်တင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ဧပြီ – ၂၇ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သံလွင်မြစ်အနောက်ဘက်ကမ်း ကော့ဂွန်ရွာနဲ့ နှစ်ခြားရွာ တို့မှာ ဧပြီလ ၁၉ ရက်စတင်ပြီး တပ်အင်အားအများအပြားနဲ့လာရောက်တပ်စွဲထားတာလို့ ကရင်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီရွာနှစ်ရွာ ဟာ ဘားအံမြို့အနောက်တောင်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ သံလွင်မြစ်အနောက်ကမ်းမှာ တည်ရှိပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှစ်ခြားရွာ အုပ်ချုပ်ရေးမှုးရုံးနဲ့ ကော့ဂွန်ရွာတို့မှာ တပ်စွဲထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းတလျောက်မှာ စစ်သင်္ဘောငယ်တစ်စီး နဲ့ ကင်းလှည့်တာတွေ အခုရက်ပိုင်းမှာလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“သုံးရက်လောက်ရှိပြီ ဖားမဲတောင်ဘေးမှာ စစ်သင်္ဘောငယ်တစ်စီး ရပ်ထားတာ တွေ့ရတယ်” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဘားအံမြို့ ၊ သံလွင်မြစ် အနောက်ဘက်ကမ်းဒေသဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ အုပ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေသတ်မှတ်ပုံအရ ဒူးသထူ(သထုံ) ခရိုင် ၊တပ်မဟာ(၁) နယ်မြေ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း သံလွင်မြစ်အနောက်ဘက်ကမ်းမှာ တပ်ရင်း တွေအခြေချထား သလို ကရင့်နယ်ခြားစောင့်တပ်(BGF) ၊ DKBA ခွဲထွက်အဖွဲ့တွေ ရဲ့ ဂိတ်တွေလည်းရှိတယ်လို့သိရပါတယ်။

သံလွင်မြစ်အနောက်ဘက်ကမ်းဒေသမှာ KNU နဲ့ ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေအရ အခုလို စစ်ကောင်စီတပ်ဘက်က အင်အားဖြည့် ၊ နေရာယူတပ်စွဲသလို ၊ ဘားအံမြို့အနီး လုံခြုံရေးတင်းကြပ် လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ ၊ကျုံဒိုးမြို့ အနီးမှာ စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။