close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး၊ PDF စခန်းတစ်ခု မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်၊ တပ်ရင်း (၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ဒေသခွဲ အမှတ် ၃

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဥယျာဥ်ကြီးနှင့် အညာဖျားကျေးရွာများအား စစ်ကောင်စီတပ်က အင်အား ၂၀၀ခန့်ဖြင့် ယနေ့(မတ်လ ၇ရက်)နံနက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ယနေ့နံနက်က အရှေ့တောဒေသ ဥယျာဥ်ကြီးနှင့် အညာဖျားရွာများသို့ စစ်ကြောင်းထိုးလာပြီး ထားဝယ်ခရိုင် PDF တပ်ရင်း(၁) T1 ဇုန်စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ကနဦးထွက်ပေါ်နေသော သတင်းများအရ ထားဝယ်ခရိုင် တပ်ရင်း(၁)၏စခန်းအား စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းစဥ် တပ်ရင်းရဲဘော်များ ကြိုတင်ရှောင်ရှားနိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်အား ထားဝယ်ခရိုင် PDF တပ်ရင်း(၁)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းရာ “ကျတော်တို့ နောက်မှ ပြန်လည်ဖြေကြားပေးပါမယ်ခင်ဗျာ”ဟု အကြောင်းပြန်ကြားသည်။

တော်လှန်ရေးတပ်ဖွဲ့စခန်းအား စီးနင်းခြင်းနှင့် ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးခြင်းတို့ကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျှက်ရှိရာ စစ်ကောင်စီတပ်က ယနေ့နံနက် ၁၁နာရီကျော်တွင် အညာဖျားရွာအနီး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

“(လေကြောင်းတိုက်ခိုက်မှု)မနက် ၁၁ နာရီလောက်ကဗျ။ ထိခိုက်တာတော့ မကြားရဘူး”ဟု ထားဝယ်မြို့နယ်အခြေစိုက် တပ်ဖွဲ့တစ်ခုမှ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် အညာဖျားကျေးရွာအား လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ နေအိမ်နှင့် ဒေသခံပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတိအကျမသိရသေးဘဲ လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“လေယာဉ်နဲ့တော့ ဗုံး နှစ်လုံးလာကြဲသွားတယ်။ အားလုံးက တိုက်ပွဲထဲရောက်နေကြတယ်ဗျ။ ကျနော်လည်း ပြောမတတ်ဘူး”ဟု နှစ်ဘက်စစ်ရေးအခြေအနေနှင့် စပ်လျဥ်းပြီး တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထားဝယ်အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ ယနေ့ည ၉ နာရီကျော်အထိ နှစ်ဘက်စစ်ရေးတင်းမာနေဆဲဟု ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်-ရန်ကုန်လမ်းပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ဖူးပြီး စခန်းအား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သား နှစ်ဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကျောက်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစါပါး ပျံလွန်တော်မူခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေသော စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(မတ်လ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

Facebook