ဧပြီ ၄၊ ၂၀၂၅။ရဲခေါင်/eople’s Spring
ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။
ဧပြီ ၃ ရက် ည ၇နာရီတွင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်ဘက်၌ စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီးဖြင့်တိုက်ခိုက်ခဲ့ရာ တစ်စီးကို ပစ်ချနိုင်ခဲ့ခြင်းဟု ဆိုသည်။
ငလျင်ဘေးကြောင့် စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြောညာထားသော်လည်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ၊ အသေခံဒရုန်းများဖြင့် နေ့စဉ်တိုက်ခိုက်နေကြောင်း ဖယ်ခုံ PDFက ထုတ်ပြန်သည်။

Public Service Announcement
တော်လှန်ရေး ရဲဘော်၊ရဲဘက်များသည် စစ်ကောင်စီ၏ ယာယီအပစ်ရပ်မည်ဟု ကြေညာမှုအပေါ် လျော့မတွက်ဘဲ သတိထားရန်လိုကြောင်းလည်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဧပြီ ၂ရက်ကစ၍ ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း လက်တွေ့တွင် ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများအား လေကြောင်းနှင့် မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဖယ်ခုံမြို့နှင့် ကပ်လျက်ရှိသည့် မိုးဗြုဲမြို့အနီးလည်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းနှင့် မြေပြင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့၍ ယနေ့(ဧပြီ ၄ ရက်)တွင် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။
ထို့အပြင် ဧပြီ ၂ ရက် ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်တစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။
