close
Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်း သေဆုံး

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဧပြီ ၂၄ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူသုံးဦးထက်မနည်းသေဆုံးကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၂၄ ရက် မွန်းလွဲပိုင်း ၃ နာရီကျော်ကက မော်ချီးဒေသရှိ ခဲသတ္တုထုတ်လုပ်ရာ အမှတ်(၂)နေရာသို့ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

” ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်။နောက်ထပ်သိရတာက ပြင်းထန်ဒဏ်ရာရသူတွေထဲကနေ သေဆုံးသူတွေရှိတယ် သိရတယ်။ခြောက်ဦးထိဖြစ်သွားနိုင်တယ်။ဒဏ်ရာရသူတွေလည်းများတော့ စာရင်းဆက်ကောက်နေတုန်းပဲ”ဟု ဦးဗညားက စစ်ကောင်စီ၏ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှုအပေါ်ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဧပြီ ၂၄ရက်) နံနက်အစောပိုင်းကလည်း မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။

“ဘာတိုက်ပွဲမှမရှိဘဲ မော်ချီးကို စကစဖက်က လေယာဉ်ကြဲသွားတယ်။မနက် ၃နာရီကလည်း သံလွင်အရှေ့ဖက်ခြမ်းနယ်စပ်တစ်နေရာကို လေယာဉ်နဲ့လာကြဲသွားတယ်။ဗုံး(၄)လုံးကြဲခဲ့တယ်။ပြည်နယ် နေရာအနှံ့ လေကြောင်းရန်အထူး ဂရုစိုက်ဖို့လိုတယ်”ဟု ကရင်နီစစ်ဘက်သတင်ရင်းမြစ်က ပြောသည်။

မတ်လ ၇ရက်ကလည်း မော်ချီးအမှတ်(၂)ဂိတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့၍ အရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးကြရန်၊အကြောင်းမဲ့ ရပ်ဝေးရပ်နီး ခရီးသွားလာခြင်းမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စရပ်ကြောင့် သွားလိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် မော်ချီးဒေသအတွင်း လေကြောင်း သတိပေးချက်များကို ကရင်နီအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)က ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSOသည် ကရင်နီပြည်၊ မော်ချီးဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ၂၀၀၂ နိုဝင်ဘာ ၉ ရက်တွင် ငြိမ်းချမ်းရေးယူခဲ့သော်လည်း အရပ်သားများအား အကြမ်းဖက်သတ်ဖြတ်မှု၊အင်အားသုံးရက်စက်မှုများကြောင့် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ၂၀၂၄ဧပြီ ၁၀ရက်တွင် KNSO က ကြေညာခဲ့သည်။

ခဲမဖြူ နှင့် အဖြိုက်နက်သတ္ထုများထွက်ရှိရာ မော်ချီးဒေသကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ဇန်နဝါရီ ၂၇ ရက်က အလုံးစုံထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာနယ်စပ်နားမှာ စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်​နေ့မှာဗုံးတွေ ကြဲချခဲ့တာကို ထိုင်းနိုင်ငံဖက်က ရွာသားတွေက တွေ့မြင်ခဲ့ရပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်း နှင့် ပဲခူးတိုင်းအတွင်းရန်ကုန်-ပြည်လမ်းပိုင်းတွင်ယနေ့(ဧပြီ ၂၂) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

အပစ်ရပ်ကြေညာချက် လိုက်နာမှုရှိ၊ မရှိ ပြည်သူများ သက်သေရှိ

သတင်း

ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring ငလျင်ဘေးကြောင့် အပစ်ရပ်ကာလတစ်ပါတ်ထပ်တိုးမည်ဟု စစ်​ကောင်စီကကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့စဉ်ကလည်း...