close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံအတွက် ဂြိုဟ်တု သတင်း channelတစ်ခု ထုတ်လွှင့်ဖို့ BBC စီစဉ်နေ

BBC သတင်းဌာနဟာ မြန်မာပိုင်း အစီအစဉ်တွေအတွက် ဂြိုဟ်တု သတင်းဝန်ဆောင်မှု channel အသစ် တစ်ခုကို စတင် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

YANGON, YANGON REGION, MYANMAR - 2014/03/01: Satellite dishes are erected on a Yangon roof. (Photo by Thierry Falise/LightRocket via Getty Images)

BBC သတင်းဌာနဟာ မြန်မာပိုင်း အစီအစဉ်တွေအတွက် ဂြိုဟ်တု သတင်းဝန်ဆောင်မှု channel အသစ် တစ်ခုကို စတင် ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Direct-to-home စနစ်နဲ့ ထုတ်လွှင့်မယ့် ဗီဒီယို channelဟာ BBC မြန်မာပိုင်း သတင်းဌာနရဲ့ ရေဒီယိုနဲ့ ဗီဒီယို သတင်းတွေကို ကိုင်တွယ် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့တုန်းက ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် BBCဟာ အဲဒီ အစီအစဉ်ကို ပိုပြီး အားစိုက် အကောင်အထည် ဖော်နေပါတယ်။

ပြီးတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စရိတ်ဖြတ်တောက်မှုတွေကြောင့် အမေရိကန် အသံ (VOA) သတင်းဌာနရဲ့ လုပ်ငန်းတွေ ရပ်တန့်နေတဲ့ ကာလမှာ အဲဒီ လစ်ဟာမှုကို ဖြည့်ဆည်းပေးသွားဖို့ BBCက ရည်ရွယ်ထားကြောင်း သိရပါတယ်။

BBCရဲ့ သတင်း ဝန်ဆောင်မှု အသစ်ဟာ VOA အရင်က အသုံးပြုခဲ့တဲ့ ဂြိုဟ်တု ဗီဒီယို channel တစ်ခုကို လက်လွှဲယူပြီး မြန်မာနိုင်ငံက သတင်းသိရှိမှု လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် အစိုးရရဲ့ စရိတ်ဖြတ်တောက်မှုတွေကြောင့် VOAရဲ့ ဂြိုဟ်တု channelဟာ မြန်မာနိုင်ငံအတွက် ထုတ်လွှင့်ပေးမှုတွေကို ငလျင်ကြီး မတိုင်ခင် သီတင်းပတ် တချို့မှာ ရပ်ဆိုင်းခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မီဒီယာ တစ်ခုဖြစ်တဲ့ VOAဟာ အဲဒီ အခြေအနေကြောင့် မြန်မာ့ ငလျင်ဘေးသင့် ကာလမှာ လိုအပ်တဲ့ သတင်းအချက်အလက် ဝေမျှမှုတွေကို ပါဝင်ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။

အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းလွတ်လပ်ခွင့် အရမ်းဆုံးရှုံးနေတဲ့ နိုင်ငံမှာ VOAရဲ့ ဆုတ်ခွာရမှုဟာ ကြီးမားတဲ့ အားလျော့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုတော့ BBCဟာ Thaicom 6 ဂြိုဟ်တုကို အသုံးပြုပြီး လာမယ့် လပိုင်းတွေကစလို့ သတင်းထုတ်လွှင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီ ဂြိုဟ်တုဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ် ဒေသတွေကို လွှမ်းခြုံထားပါတယ်။

BBCရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာနဲ့ ဒုတိယ အမှုဆောင်ချုပ် ဂျိုနသန် မွန်ရိုက အခု အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ သတင်းသိပိုင်ခွင့် ကန့်သတ်ချက်တွေ ကြုံနေရတဲ့ လူထုအတွက် ထိရောက်တဲ့ အကူအညီ ဖြစ်စေမယ်လို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ သတင်းလွတ်လပ်ခွင့် ညွှန်ကိန်းအရ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာ့နိုင်ငံ ၁၈၀ စာရင်းမှာ ၁၇၁ နေရာက ရပ်တည်နေပြီး အဆိုးဆုံးအဆင့် နိုင်ငံတွေမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ