close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဝက်လက်နယ်အခြေစိုက် GZတပ်တော်က ရဲဘော် ၆ဦး ကျဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်က Generation Z Army(GZတပ်တော်)ကရဲဘော် ၆ဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ဝက်လက်နယ်အခြေစိုက် GZတပ်တော်က ရဲဘော် ၆ဦး

ဧပြီ၂၄၊ ၂၀၂၅။ကျော်ဇော/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်က Generation Z Army(GZတပ်တော်)ကရဲဘော် ၆ဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၄ နိုဝင်ဘာ ၉ရက်က စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ CB Operationကို အတူတူတိုက်ပွဲဝင်ဖို့ ၅လကြိုတင် ပူးပေါင်းကာ စစ်ဆင်ရေး တွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့ကို ၂၀၂၅ ဧပြီ ၉ရက်နေ့မှာ ချင်းညီနောင်ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ပြီး ယခုလို စစ်ကောင်စီလက်အောက်က အလုံးစုံလွတ်မြောက်မှုအတွက် ချင်းပြည်သူလူထုနဲ့အတူ ထပ်တူဝမ်းမြောက်ကြာင်း GZ တပ်တော်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် GZ တပ်တော်က ရဲဘော်လင်းထက်အောင်(ခ)လင်းယုန်၊ ရဲဘော်ပြည့်ကြီး၊ ရဲဘော်နန်းစိုင်းအောင်(ခ)ကျီးကန်း၊ ရဲဘော်လမင်းခန့်(ခ)ကျားနက်၊ ရဲဘော်မျိုးကျော်နဲ့ ရဲဘော်မောင်မောင်(ခ)ထွန်းကြိုင်တို့ ကျဆုံးခဲ့ပြီး ရဲဘော်၁၂ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

“စစ်ဆင်ရေးလုပ်တာဖြစ်တဲ့အတွက် အကျဆုံးတွေ အထိခိုက်တွေကအမြဲရှိ နေမှာပဲ။ဖြစ်နိုင်ရင်တော့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကို ပြန်လိုချင်တယ်။ဒါပေမယ့်လည်း ပြန်ခေါ်လို့လည်းမရဘူး လေ။အဲတာဖြစ်တဲ့အတွက် ကျဆုံးတဲ့သူတွေကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေအတွက် ရောဆက်လက်ပြီးတိုက်ပွဲဝင်မှာဖြစ်တယ်။လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း နောက်ဆုတ်မှာမဟုတ်ဘူး”လို့ GZတပ် တော်ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆက်လက်ပြီးတပ်ဖွဲ့အနေနဲ့ တခြားနယ်မြေတွေမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးနယ် မြေစိုးမိုးမှုရယူပြီးပါက စစ်ကိုင်းတိုင်းမှာတိုက်ပွဲဖော်ဆောင်တာ တွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။

ချင်းညီနောင် နဲ့ မဟာမိတ်တွေ ဆင်နွှဲခဲ့တဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်းမှာ စစ်သုံ့ပန်း ၃၀၀ခန့် ဖမ်းဆီးရရှိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၄၅၀ကျော် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောထားပါတယ်။

မြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၈၉ ဦးရှိခဲ့ရာ ယင်းအနက် ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ကျဆုံးသူ ၅၆ ဦးရှိခဲ့ပါတယ်။

GZ တပ်တော်ဟာ ၂၀၂၁ကတည်းက ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ အခြေစိုက်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲဖော်ဆောင်ရေး တွေမှာပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၁၄၊၂၀၂၅။People’s Spring ချင်းညီ​နောင်နဲ့ မဟာမိတ်တပ်​တွေက​အောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ဒေသခံပြည်သူ​တွေက​အောင်သ​ပြေပန်း​တွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ ချင်းညီ​နောင်နဲ့အတူ AA အပါအဝင် စစ်ကိုင်း၊မ​ကွေး၊​ယော​ဒေသ​တွေက မဟာမိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူး​ပေါင်းပြီး ၂၀၂၄ နိုဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့​တော်ဖလမ်းမြို့ကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။ Public Service...

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းမှ တပ်ရင်းမှူး ဝေလင်းထွန်း သေဆုံးပြီး ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော် ဖမ်းမိထားကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

သတင်း

ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းစခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

Facebook