close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ၂ ပတ်အတွင်း လူငယ် ၁၂၀ ကျော် ပေါ်တာဆွဲခံရ

ဒီစာရင်းက လက်ရှိ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ၇က်အထိ ဖြစ်ပြီး လူငယ်၁၂၅ ဦးဖမ်းခံရတာလို့ သပိတ်အင်အားစုက စာရင်းပြုစုထားပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်ဆီ တပ်သားသစ်စုဆောင်းခံရသူတွေ ပို့ဆောင်ခံရပုံ (ပုံဟောင်း)
သပိတ်ကျင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်ဆီ တပ်သားသစ်စုဆောင်းခံရသူတွေ ပို့ဆောင်ခံရပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြို့နယ် ၇ ခု မှာ ၂ပတ်တာအတွင်း လူငယ် ၁၂၀ ကျော် ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေကဖမ်းဆီးခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီစာရင်းက လက်ရှိ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ၇က်အထိ ဖြစ်ပြီး လူငယ်၁၂၅ ဦးဖမ်းခံရတာလို့ သပိတ်အင်အားစုက စာရင်းပြုစုထားပါတယ်။

မြို့နယ်အလိုက်ဆိုရင် အောင်မြေသာဇံမြို့နယ်မှာ ၂၁ ဦး၊ချမ်းအေးသာဇံမြို့နယ် ၇ ဦး၊မဟာအောင်မြေမြို့နယ် ၅ ဦး၊ချမ်းမြသာစည်မြို့နယ် ၅ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၃၆ ဦး၊အမရပူရမြို့နယ် ၁၇ ဦး၊ပုသိမ်ကြီးမြို့နယ် ၃၄ ဦး စုစုပေါင်း ၁၂၅ ဦး ဖမ်းခံရတာလို့သိရပါတယ်.

Public Service Announcement

Public Service Announcement

ဒါက မန္တလေးသပိတ်အင်အားစုအနေနဲ့ လက်လှမ်းမီရာ ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမှုတွေက သာမာန်လက်လုပ်လက်စားပေါများတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဖြစ်များနေပြီး ငွေကြေးချမ်းသာတဲ့ရပ်ကွက်တွေမှာတော့ ငွေပေးပြီး လူစားထိုးစနစ်သာပြုလုပ်ကြတယ်လို့ သိရပါတယ်။

မန္တလေးမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး နေ့၊ည အချိန်မရွေး ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပါတယ်။

လူငယ်တွေကို မတရားဖမ်းဆီးပြီး စစ်ထဲ ထည့်တာတွေကို စစ်တပ် ထောက်ခံသူ စစ်လော်ဘီတွေ ကိုယ်တိုင် ဝန်ခံထားတာတွေလည်းရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ငြင်းဆိုထားပါတယ်။

မန္တလေးမြို့နေလူငယ်လူထုအနေနဲ့ အချိန်မတော် နေအိမ်ပြင်ပ သွားလာတာ ၊ မလိုအပ်ပဲ ခရီးသွားတာ ၊ ပျော်ပွဲရွှင်ပွဲ တွေ သွားလာတာတွေ ကို တတ်နိုင်သမျှရှောင်ကြည်ကြဖို့ မန္တလေးသပိတ်အင်အားစုက အသိပေးတိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

သတင်း

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

သတင်း

မန္တလေးတစ်မြို့လုံး နေရာအနှံ့တွင် ပေါ်တာဆွဲဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်နေရကြောင်း မိခင်အချို့က ပြောသည်။

သတင်း

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။