close
Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်ဟောင်းမာနယ်ပလောမှာ စစ်တပ်စခန်းကင်းစင်ပြီ

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ
ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အဝေးကတွေ့ရပုံ

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်း မာနယ်ပလောဒေသ မှာ နောက်ဆုံးလက်ကျန်အဖြစ် ကျန်ရှိတဲ့ ပွိုင့် ၉၁၃ ( နို့ဒေး) စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပါတယ်။

“(တိုက်ပွဲသတင်း) အသေးစိတ် ကတော့ စိစစ်နေတုန်းပါ” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

စစ်တပ်ဘက်က ပွိုင့် ၉၁၃ လို့ သတ်မှတ်ထားတဲ့ နို့ဒေးစခန်းဟာ ထိုင်းနယ်စပ်အနီး သောင်းရင်းမြစ်ဘေးမှာ နေရာယူတပ်စွဲထားတာဖြစ်ပြီး KNU တပ်မဟာ (၇) နယ်မြေမှာ တည်ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းကို သိမ်းဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှာ အပြီးသတ် သိမ်းယူလိုက်တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံးများသလို လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်။

မာနယ်ပလောဒေသမှာ ကဆောဝါးလေး၊ ဖူးလောကုန်း၊ မြောက်ကုန်း၊ ကယ်ဂေါ်ကျိုး စတဲ့ တပ်စခန်းတွေ ပိတ်ဆို့ တိုက်ခိုက်ခံရပြီးနောက် အဲဒီ စခန်းတွေကို စွန့်ခွာကာ ဗျုဟာစခန်းအဆင့်ရှိတဲ့ ပွိုင့် ၉၁၃ ဆီ သွားရောက်ပူးပေါင်းခဲ့ကြတာပါ။

KNU ရဲ့ ဌာနချုပ် မာနယ်ပလော ကို ၁၉၉၅ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ စစ်တပ်နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KNUသည် မြန်မာ - ထိုင်းနယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။

သတင်း

ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅)က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။

သတင်း

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။