close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဧည့်စာရင်းအကြောင်းပြပြီး ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေ

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။

မန္တလေးတိုင်း ၊ရမည်းသင်းအခြေစိုက် အမှတ် (၃) စစ်အခြေခံလေ့ကျင့် ရေး တပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်မှုထမ်းအပတ်စဉ် (၇) ဖွင့်ပွဲ မြင်ကွင်း
မန္တလေးတိုင်း ၊ရမည်းသင်းအခြေစိုက် အမှတ် (၃) စစ်အခြေခံလေ့ကျင့် ရေး တပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်မှုထမ်းအပတ်စဉ် (၇) ဖွင့်ပွဲ မြင်ကွင်း

ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံ ရဲ့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက ညအချိန် ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်တာတွေ ရှိနေတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှုးနဲ့ ပြည်သူ့စစ်လို့ အမည်တပ်ထားတဲ့ စစ်တပ်လက်ဝေခံ ပျုစောထီး တွေက ဧည့်စာရင်း လိုက်စစ်ပြီး စစ်မှုထမ်းဖို့ အသက်အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေကို အဓမ္မခေါ်ဆောင်သွားတာကြလို့ ကိုယ်တွေ့ကြုံခဲ့ရသူမိသားစုတွေက ပြောပြပါတယ်။

“ကျွန်တော့သားပါသွားတယ် ၊ ဘယ်လိုမှအဲထဲအပါမခံနိုင်တော့ သိန်း၅၀လောက်ပေးပြီး ပြန်ထုတ်လာခဲ့ရတယ်”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေးအဆင်ပြေတဲ့သူတွေသာ တောင်းတဲ့ပမာဏပေးပြီး ပြန်ထုတ်လာနိုင်ပေမယ့် မတတ်နိုင်တဲ့သူတွေကတော့ မန္တလေးတောင်ခြေရှိ စစ်တပ်တပ်ရင်းဆီ ပို့ဆောင်ခံရပြီး စစ်သင်တန်းတက်စေတယ်လို့သိရပါတယ်။

မဟာအောင်မြေမြို့နယ် အနောက်ခြမ်း၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာ နေ့စဥ်နီးပါး ဧည့်စာရင်းအကြောင်းပြဝင်ရောက်ဖမ်းဆီးနေတာတွေရှိနေပါတယ်။

” ဒီကောင်တွေ ဒီရက်ပိုင်း စစ်မှုထမ်းအတွက် လူရှာနေတာ၊ အထက်ကတောင်းတဲ့စာရင်းအတိုင်းပေးဖို့ အလုပ်ရှုပ်နေကြတယ်”လို့ ချမ်းမြသာစည်မြို့နယ်၊ ရပ်ကွက်ရုံးအနီးနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ညဘက်အပြင်ထွက်ရင်ဖမ်းမယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ပုသိမ်ကြီးမြို့နယ်အတွင်းမှာလည်း ည၇နာရီနောက်ပိုင်းသွားလာသူမရှိကြတော့ဘူးသိရပါတယ်။

မန္တလေးမှာ လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်တပ်ထဲ အတင်းအကျပ်သွင်းတာကို စစ်တပ်ထောက်ခံသူ ပျုစောထီး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပေါက်ကိုယ်တော်ကိုယ်တိုင် ပြီးခဲ့တဲ့သြဂုတ်လအတွင်းက သူရဲ့တယ်လီဂရမ် ချန်နယ်ကနေ ဝန်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၆ ရက်က တံတားဦးမြို့နယ်မှာ စစ်မှုထမ်းဖို့ လူ ၁၀၀ လောက် ဖမ်းခံရပြီး အဲဒီအထဲမှာ အသိ ညီအကို နှစ်ဦးလုံးပါသွားတယ်လို့ ပေါက်ကိုယ်တော်က ပြောထားပါတယ်။

မန္တလေးမြို့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးရဲ့ပြောပြချက်အရ စစ်မှုထမ်း အပတ်စဉ် တိုင်းအတွက် မြို့နယ်အလိုက် သတ်မှတ်လူဦးရေကို လစဉ် ပို့ဆောင်ပေးရပြီး စစ်မှုထမ်းမယ့်သူရဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး လူစုနေရတာလို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်ကောင်စီက ပျုစောထီးတွေကိုမွေးထုတ်ပြီး စစ်ကျန်လက်နက်တွေ တပ်ပေးသလို တဖက်မှာလည်း စစ်တပ်အတွက် တပ်သားသစ်စုဆောင်းတွေကို အဓမ္မနည်းလမ်းတွေ ပါ သုံးပြီး လုပ်ဆောင်နေတာပါ။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ဆေးမှုများကြောင့် ၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

သတင်း

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

သတင်း

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက လူငယ်များအား ထပ်မံဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ ပြည်သူအချင်းချင်းသတိပေးနေရကြောင်း မြို့ခံအချို့က ပြောသည်။

Trending

Facebook