close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ဒီဇင်ဘာပထမပတ်အတွင်း စစ်မှုထမ်းရန် လူငယ် ၄၀ကျော် ဖမ်းဆီးခံရ

မန္တလေးတစ်မြို့လုံး နေရာအနှံ့တွင် ပေါ်တာဆွဲဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်နေရကြောင်း မိခင်အချို့က ပြောသည်။

(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)

အင်ကြင်း/People’s Spring

မန္တလေးမြို့ရှိ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်တို့တွင် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အတွင်း နေအိမ်များနှင့် လမ်းပေါ်တို့၌ စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၄၁ဦး ဖမ်းဆီးခံရကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

ဖမ်းဆီးမှုများအား နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးပြီး လမ်းပေါ်တွင်လည်းကောင်း ဖမ်းဆီးခဲ့သည်ဟု Voice Of Mandalay အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖမ်းဆီးခံရမှုများသည် Voice Of Mandalay မှရရှိသောသတင်းများသာဖြစ်ပြီး မြေပြင်တွင်ယခုထက်ပိုနိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့(ဒီဇင်ဘာ ၁၁ရက်)ညကပင် ပုသိမ်ကြီးမြို့နယ်၊ လိမ်ပင်ကျေးရွာကို စစ်အုပ်စုက ဧည့်စာရင်းစစ်ပြီး လူငယ် တစ်ဦးအား ဖမ်းဆီးသွားကြောင်း MDY Revolution အဖွဲ့ကလည်း အသိပေးသည်။

မန္တလေးတစ်မြို့လုံး နေရာအနှံ့တွင် ပေါ်တာဆွဲဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်နေရကြောင်း မိခင်အချို့က ပြောသည်။

“အိမ်က သားကို ညနေဆို မှောင်တာနဲ့ ဖုန်းဆက်ပြီး အိမ်ပြန်လာဖို့တန်းခေါ်တာ။ တွေ့တဲ့သူဆွဲနေတာ။”ဟု ပြည်ကြီးတံခွန်မြို့နယ်နေ အသက်(၇ဝ)ကျော်အရွယ် မိခင်တစ်ဦးက ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင် နေ့ရောညပါ စစ်ကောင်စီ၏ အဖွဲ့စုံပူးပေါင်းအဖွဲ့က လှည့်လည်စစ်ဆေးနေပြီး ယာဥ်များတင်မက လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီသည် နိုဝင်ဘာပထမလဝက်အတွင်းကလည်း မန္တလေး၊တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ မလှိုင်၊ မိတ္ထီလာနယ်များမှ လူငယ်ရာချီ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

တပ်သားသစ်လိုအပ်ချက် ကြီးမားနေသော စစ်ကောင်စီသည် ယခင်လို ငွေညှစ်ပြီး ပြန်လွှတ်ပေးခြင်း၊ ငွေဖြင့် လူစားထိုးခြင်း၊ ရပ်ကျေးများမှ မဲနှိုက်ရွေးချယ်ခြင်းများ မရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းသို့ တိုက်ရိုက်ပို့ဆောင်ပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း MDY Revolution က အသိပေးသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

ထို့ကြောင့် လူငယ်များမှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်သူများနှင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ကြသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

မန္တလေးတိုင်း၊ ပလိပ်မြို့တွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။