close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ - ဝီကီ)
အမြန်လမ်းမကြီးလမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ - ဝီကီ)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်ထဲက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိတဲ့ အမြန်လမ်း ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

အမြန်လမ်းရဲ့ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြား တဇောက်ချောင်းတံတား ရဲကင်းစခန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်က ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်းနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

” စခန်းကိုအခိုင်မာဆောက်ထားတယ်၊ ရိုးရိုးဂိတ်တော့မဟုတ်ဘူး “လို့ နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့ ရုပ်သံဖိုင်အရ အမြန်လမ်းဘေးက လယ်ကွင်းထဲ ခရီးသည်တွေ ဆင်းပြေးပြီး ပုန်းခိုနေကြရတာတွေ့ရပါတယ်။

စစ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာလည်း အမြန်လမ်းက ရဲကင်းတိုက်ခိုက်ခံရတယ်လို့ ဖြန့်ဝေနေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်က လုံခြုံရေးစခန်းတွေကို ကွန်ကရစ်ဘန်ကာတွေ နဲ့ အခိုင်အမာတည်ဆောက်လာတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

သတင်း

မန္တလေးတစ်မြို့လုံး နေရာအနှံ့တွင် ပေါ်တာဆွဲဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ စိုးရိမ်နေရကြောင်း မိခင်အချို့က ပြောသည်။

သတင်း

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင်လည်း ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီးကျန်းမာရေး ဝန်ထမ်း ၂ဦးအပါအဝင် ၇ဦး သေဆုံးခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေသည်။