close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ပျူစောထီးများနှင့် ရဲများက လူငယ်များပစ်မှတ်ထား ဖမ်းဆီးငွေညှစ်မှုပိုလုပ်လာ

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများနှင့် ရဲများပေါင်း၍ လူငယ်များ ပစ်မှတ်ထား ဖမ်းဆီးငွေညှစ်မှုများပိုမိုပြုလုပ်လာကြောင်း အဆိုပါဖြစ်စဉ်သိရှိသူများက ပြောသည်။

(ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေသည်ကို ၂၀၂၃ ဇူလိုင် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KISC)
(ရန်ကုန်မြို့ လှည်းတန်းမှတ်တိုင်အနီး၌ စစ်ကောင်စီက လူငယ်တစ်ဦးအား စစ်ဆေးနေသည်ကို ၂၀၂၃ ဇူလိုင် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KISC)

ရဲခေါင်/People’s Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများနှင့် ရဲများပေါင်း၍ လူငယ်များ ပစ်မှတ်ထား ဖမ်းဆီးငွေညှစ်မှုများပိုမိုပြုလုပ်လာကြောင်း အဆိုပါဖြစ်စဉ်သိရှိသူများက ပြောသည်။

နိုဝင်ဘာနောက်ဆုံးပတ်နှင့် ဒီဇင်ဘာပထမပတ် အထိ အင်းစိန်၊လှိုင်သာယာ၊အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များတွင် လူထုနွေဦးက စုံစမ်းသိရှိရသော ဖြစ်စဥ် ငါးခုထက်မနည်းရှိခဲ့သည်။

ထိုဖြစ်စဥ်များအရ ညပိုင်းနှင့် လူအသွားအလာနည်းပါးသည့်နေရာများတွင် လူငယ်အမျိုးသားများပစ်မှတ်ထားကာ မြို့နယ်အလိုက် စစ်ကောင်စီ လက်ပါးစေများက ဖမ်းဆီးငွေညှစ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီဇင်ဘာ ၅ ရက်နေ့က ဖားရွှေကျော် လမ်းထိပ်မှာ ည ၇ နာရီလောက် အိမ်စီးကားနဲ့ ခေါ် ပြီး ဖမ်းသွားတာ။သူ့အပြင် နောက်ထပ်ခြောက် ယောက်လောက်ပါသေးတယ်။မိသားစု ကို ည ၁၀ နာရီမှာ ဖုန်းဆက်တယ်။စစ် တပ်ထဲ မပါချင်ရင် ၁၅ သိန်းနဲ့လာခေါ်ပါတဲ့ ။အဲဒီတော့ ရှိတာပေါင်။နောက်ပြီး သိတဲ့သူဆီက အတိုးယူပြီး မိသားစုက သွားထုတ်ခဲ့ရတယ်”ဟု အရှေ့ဒဂုံမြို့နယ် မှ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးကြားရှိ ဂျပန်လမ်း၌ လူငယ်သုံးဦး ဖမ်းဆီးခံရပြီး တစ်ဦးလျှင် ကျပ် ၁၀သိန်းဖြင့် ရွှေးယူရန် ညှိနှိုင်းမှုရှိခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က ဖြစ်တာ။ကော်လံ ရှပ်အဖြူနဲ့ ပုဆိုးဝတ်ထားတဲ့သူ လေယောက် လောက်က ပါးရိုက်ပြီး ကားပေါ်ခေါ်တင်သွားတာ။ည ၈နာရီလောက်ရှိ မယ်။လူငယ်တွေက အလုပ်က သူ့ဘာသာပြန်လာတာ။နောက်နှစ်ရက်နေတော့ လွတ်တယ်ကြားတယ်။ ဒါပေမယ့် တစ်ယောက် ၁၀သိန်းပေးခဲ့ရတယ်တဲ့”ဟု အင်းစိန်မြို့နေသူတစ်ဦးက ပြောသည်။

တောင်ဒဂုံမြို့နယ် (၁၁၈)ရပ်ကွက်တွင်လည်း ဆိုင်ကယ်တစ်စီးကို လူငယ်သုံးဦးက လိုက်ပါစီးနင်းသည်ဆို၍ ဖမ်းဆီးခံရပြီး ဆိုင်ကယ်ကို သိမ်းဆည်းကာ လူတစ်ဦးလျှင် ကျပ်ခုနှစ်သိန်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ရက်က ပြန်ရွေးခဲ့ရသည့် ဖြစ်စဥ်ရှိခဲ့သည်။

အဆိုပါဖြစ်စဥ်များအားလုံးတွင် ဖမ်းဆီးခဲ့သူများသည် အိမ်စီးကားအမျိုးအစားများ အသုံးပြုပြီး အရပ်ဝတ်များဖြင့် လုပ်ဆောင်နေခြင်းဟု သတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် ၎င်းတို့က သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခံရသူများကို ပို့ဆောင်ခဲ့ကြောင်း ဖြစ်စဥ်တွင် ပါရှိခဲ့သူများက အသိပေးသည်။

“နှစ်နာရီလောက် ပါးရိုက်လိုက်၊ကန်လိုက် ပြီးတော့ စစ်ထဲဝင်ရမယ်ပြောလိုက်နဲ့ ခြိမ်းခြောက်တယ်။ပြီးတော့မှ မိသားစု ဖုန်းနံပါတ်တောင်းပြီး ဆက်ခိုင်းတယ်။ဖမ်းခံထားရတယ်ပေါ့။ မနက်လာရွေး။မရွေးရင် ရှေ့တန်းပါပြီးဆိုပြီး လည်းပြောတယ်။မိသားစုက လာရွေးတဲ့သူလည်းရှိသလို မရွေးတဲ့သူလည်းရှိတယ်”ဟု ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေ၍ အသက်(၁၈)နှစ်နှင့် အထက် စစ်မှုမထမ်းမနေရဥပဒေကို စစ် ကောင်စီကပြဌာန်းပြီးနောက် ပြည်ပသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်သူများနှင့်တိမ်းရှောင်နေသူများရှိသည်။

ရန်ကုန်မြို့အပါအဝင် နယ်မြို့အများအပြား၌ တပ်သားသစ်ရရှိရန် လူငယ်များနှင့် သတ်လတ် ပိုင်း အမျိုးသားများ ပစ်မှတ်ထား၍ စစ်ကောင်စီအဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ တံတားဦးနှင့် မြစ်သားမြို့နယ်တွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန်ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်နေ၍ ဂရုစိုက်သွားလာနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

တံတားဦးမြို့အနီး လေဆိပ်တံတားနှင့် ပန်းယျကျေးရွာအနီးရှိ အဝိုင်းပတ်နေရာများ၌ ဒီဇင်ဘာ ၇ရက်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မြစ်သားမြို့ရှိ ပွဲရုံအချို့နှင့် မြို့အနီး ငှက်ပျောခြံအချို့မှ အလုပ်သမား ၃၀ခန့်ကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ရက်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” စစ်တပ်က စစ်ကားနဲ့ လိုက်ဆွဲတာ။ အယောက် ၃၀ ပါသွားတယ်။ မန္တလေးနန်းတွင်းထဲကို ခေါ်သွားတယ်လို့ သိရတယ်။ စစ်သင်တန်းပေးနေပြီလို့လည်း ကြားတယ်”ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်းအပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသားများသည် ဖယ်ခုံမြို့နယ်ပူချယ်၊ကုန်းဆောင်၊​ရွှေပြည်အေးနှင့် ကဘဲကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

သတင်း

မင်းမင်းသည် NLD ပါတီဝင်များ၊PDF ရဲဘော်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သူများကို သတ်ဖြတ်ရန် သွေးသောက်အဖွဲ့ ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများအား အရေးယူအပြစ်ပေးရန် လည်း လူမှုကွန်ရက်တွင် အမြဲလှုံ့ဆော်နေသူလည်း ဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာရှိ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးအဖွဲဲ့များ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အမှတ် (၈၁၅)တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ)သည် နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ် ပျူစောထီးအထိုင်စခန်းအား ဝင်​ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

Facebook