close
Connect with us

Hi, what are you looking for?

သတင်း

တောင်သုံးလုံးနှင့်ဆင်စွယ်စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားရရှိ

ဆင်စွယ်စခန်းနှင့်တောင်သုံးလုံးစခန်းက်ို ပူးပေါင်းတပ်များက အပြီးသတ်ရှင်းလင်းခဲ့ကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

အိမ်သွင်/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးစခန်းနှင့်ဆင်စွယ်စခန်းတို့ကို KNLA၊ PDF၊ BPLA နှင့် FFD ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးလက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်။

ပူးပေါင်းတပ်ဖွဲ့သည် KNU တပ်မဟာ(၅)နယ်မြေ၊ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းကို ဒီဇင်ဘာလ၃ ရက် ​နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီဇင်ဘာ၁၁ရက်နေ့ နံနက်(၅)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့​ကြောင်း BPLA က ထုတ်ပြန်သည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

ဆင်စွယ်တပ်စခန်းကိုဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၉ရက်တွင် သိမ်းယူခဲ့ခြင်းဟု သတင်းရရှိသည်။စခန်းသိမ်းတိုက်ပွဲနှစ်ခုမှ စစ်သုံ့ပန်း ၃၅ဦးထက်မနည်း ဖမ်းမိထားကြောင်း PDF တစ်ဦးကပြောသည်။သို့သော်လည်း စစ်သုံ့ပန်းဖမ်းဆီးရရှိမှုအ​ခြေအ​နေကိုPeople’s Springက အသေးစိတ်အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ဆင်စွယ်စခန်းနှင့်တောင်သုံးလုံးစခန်းက်ို ပူးပေါင်းတပ်များက အပြီးသတ်ရှင်းလင်းခဲ့ကြောင်းတောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း​ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

အဆိုပါစစ်ဆင်​ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)
(စစ်တပ်စခန်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ- BPLA ၊ ရဲ​ဘော်တင်ဦး)

ထို့အပြင် နိုဝင်ဘာလ ၉ရက်ကလည်း ဖာပွန်မြို့နယ်မှ ကူးဆိပ်တံတားလုံးခြုံရေးစခန်းအား ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှရှစ်ဦးသေဆုံးပြီးလက်နက်ကြီးနှစ်လက်၊ မောင်းပြန်ရိုင်ဖယ်သုံးလက်၊ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာသုံးခုနှင့်မောင်းပြန်ရိုင်ဖယ်ကျည်တောင့်၂၀၀၀ကျော်သိမ်းဆည်းရမိခဲ့သည်ဟု KNU ကသတင်းထုတ်ပြန်ခဲ့သည်။

အလားတူအောက်တိုဘာလ ၃၀ရက်ကလည်းဖာပွန်ခရိုင်အတွင်း နှစ်ပေါင်း၃၀ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီ၏ ခေါပုတ်စခန်းကို ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူခဲ့သည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှဆယ်ဦးထက်မနက်သေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့်တပ်ဖွဲ့ဝင်များကိုလိုက်လံတိုက်ခိုက်စဉ် ၁၄ဦး သေဆုံးပြီး ဗိုလ်ကြီးသုံးဦးအပါအဝင်စစ်သုံ့ပန်း၁၇ဦး လက်နက်များနှင့်ဖမ်းမိကြောင်း BPLA က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင်လည်း ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီးကျန်းမာရေး ဝန်ထမ်း ၂ဦးအပါအဝင် ၇ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

နောင်ချိုမြို့ရှိ တောင်းခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်ဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု ဆိုသည်။

သတင်း

၎င်းတို့ နှစ်ဦးအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေပေးအပ်သွားမည်ဟု ကြိုးကြာနီတပ်ရင်းက အသိပေးသည်။