close
Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်းတွင် ရဲဒုတပ်ကြပ်နှစ်ဦးအား PDFအဖွဲ့ကဖမ်းဆီးစဥ် ခုခံ၍ ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံးသေဆုံး

အဆိုပါဖမ်းဆီးမှုကို People’s Defence Force -Yenangyaung ၊Tamar Myay Special Coloumနှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-YNG PDF)
(ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-YNG PDF)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဲဒုတပ်ကြပ်နှစ်ဦးအား ဖမ်းဆီးစဥ် ပြန်လည်ခုခံ၍ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ရေနံချောင်း)မှတာဝန်ခံ ကိုစံသျှားက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၁ရက်) နံနက် ၁၁ နာရီခန့်က ရေနံချောင်းမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်း လိုက်လံထောက်လှမ်းနေသော လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့နှစ်ဦးအား မကျည်းတိုင်း-ဖိုးကိုးလမ်းပိုင်းတွင် ဖမ်းဆီးရာ လက်ပစ်ဗုံးဖြင့်ပြန်လည်ခုခံ​၍ ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောသည်။

“တစ်ဦးကနေရာမှာတင် သေပြီး၊ ကျန်တစ်ဦးကခေါ်လာစဉ် သွေးထွက်လွန်ပြီးသေတာပါ။ အလောင်း ၂ခုလုံးကို ကျွန်တော်တို့ပဲ သဂြို‌လ်ပေးခဲ့ပါတယ်။”ဟု ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲနှစ်ဦးထံမှ လက်နက်ရရှိခြင်းမရှိဘဲ လက်ပစ်ဗုံးတစ်လုံး၊ ရဲစာရွက်စာတမ်းများနှင့် ဖုန်း သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်း ရေနံချောင်း PDFက အသိပေးထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ် ၂နာရီခန့်တွင် အင်အား ၁၅ဦးခန့်ပါ ရဲကား ၂စီးရောက်ရှိလာသော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအထိရောက်ရှိ မလာဘဲလှည့်ပြန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖမ်းဆီးမှုကို People’s Defence Force -Yenangyaung ၊Tamar Myay Special Coloumနှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီအတွင်းကလည်း လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲအုပ်နှင့် စစ်သားများသည် ရေနံချောင်းမြို့ ယာပြင်စစ်ဆေးရေးဂိတ်မှ ပြန်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ဦးနီးပါးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့ဟု KNU ဘက်က အသိပေးထားသည်။

သတင်း

သစ်ရုံကျေးရွာကို မြင်းခြံအခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းနဲ့ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးတပ်တွေ ဝင်ရောက် စီးနင်းတာလို့သိရပါတယ်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။