close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၅ရက်မြောက်​နေ့တိုက်ပွဲဆက်လက်ပြင်းထန်

တိုက်ပွဲအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်ဒေသခံ များ သေဆုံးထိခိုက်ရှိခဲ့ပြီး ဒီဇင်ဘာ ၆ရက်မှစ၍ ဗန်းမော်ဒေသခံ အများအပြား မြို့ကို စွန့်ခွာ စစ်ရှောင်နေကြရသည်။

(စစ်ဆင်​ရေးတစ်ခုတွင် KIA နှင့် PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ကြီးတစ်လက်။ဓါတ်ပုံ-NUG)
(စစ်ဆင်​ရေးတစ်ခုတွင် KIA နှင့် PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ကြီးတစ်လက်။ဓါတ်ပုံ-NUG)

▪︎KIA နှင့် စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီးဖြင့်ပစ်ခတ်

▪︎ဗန်း​မော်-မိုး​မောက် ၆ မိုင်မှပြန်ဆုတ်​ပြေး​သောစစ်​ကြောင်းကိုတိုက်ခိုက်ရာစစ်သုံ့ပန်းနှင့်ခဲယမ်းများရ

-ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့ သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ တိုက်ပွဲ ၅ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာ ၈ရက်မနက်အစောပိုင်းမှစ၍ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

KIA ပူးပေါင်းတပ်များသည် စစ်ဆင်ရေး ပထမနေ့နှင့် ဒုတိယနေ့များတွင် စစ်ကောင်စီတပ်စွဲရာ နေရာ ၁၅နေရာကို သိမ်းပိုက်ရရှိခဲ့သည်။​နောက်ရက်များတွင်လည်းစစ်တပ် တပ်စွဲရာ​နေရာနှင့် စခန်းများထပ်မံသိမ်းပိုက်နိုင်ခဲ့​ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီထက်( စစ်ကောင်စီတပ်စွဲရာနေရာ ၁၅နေရာထက်) ပိုများသေးတယ်။ မြို့တွင်းဖြစ်နေတော့ လုံခြုံရေးအရ နေရာတွေ ရေးလို့မရဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က တဦးကပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) တပ်မှ ဗန်းမော် မြို့တွင်း မြို့ပြင်ကို ဒီဇင်ဘာ ၈ ရက် မနက်အစော ၄နာရီခွဲမှစ၍ လက်နက်ကြီးဖြင့် စပစ်ခဲ့ရာ KIA ဘက်ကလည်း ၁၂၂ မမ ဖြင့် စစ်ကောင်စီတပ်ကို တန်ပြန် ပစ်ခတ်လျက်ရှိ​ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“မြို့တွင်းကျန် ပြည်သူများ သတိရှိကြပါ”ဟုလည်း စစ်ရေးသတင်းရင်းမြစ်က စစ်ရှောင်နိုင်ခြင်းမရှိသေးဘဲ ကျန်နေသည့် မြို့ခံများအား သတိပေးသည်။

KIA၏ စစ်ဆင်ရေး လေးရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၇ရက်တွင်လည်း ဗန်းမော်-မိုးမောက်ကြား ၆မိုင်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို KIAက လိုက်လံချေမှုန်းခဲ့ရာ စစ်ကောင်စီသုံ့ပမ်းနှင့် လက်နက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဖမ်းမိစစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ထိုအပြင် ဒီဇင်ဘာ ၆ရက်ညပိုင်းက စစ်ကောင်စီက Y12 ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့သိမ်းစစ်ဆင်ရေး အတွင်း KIAက ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထား​သောနေရာသို့ ကျရောက်ခဲ့သည်ဟု သတင်းရင်းမြစ်တဦးက ​ပြောသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်အခြေအနေ စုံစမ်းနေဆဲဖြစ်သည်။

ဗန်းမော် စစ်ရေးသတင်းများ အသိပေးဖော်ပြနေသည့် Banmaw Scout Team ၏ယမန်နေ့ ဖော်ပြချက်တွင် ဗန်းမော်မြို့ ဝန်းကျင်၌ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီး၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ၂မိုင် လေယာဉ်ကွင်း ဝန်းကျင်နှင့် စကခ (၂၁) ဝန်းကျင်၌လည်း တိုက်ပွဲများ ဆက်ရှိခဲ့ကြောင်း အသိပေးထားသည်။ ထို့ပြင် ခလရ(၄၇) တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်​ကြောင်းလည်းသိရသည်။

တိုက်ပွဲအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်ဒေသခံ များ သေဆုံးထိခိုက်ရှိခဲ့ပြီး ဒီဇင်ဘာ ၆ရက်မှစ၍ ဗန်းမော်ဒေသခံ အများအပြား မြို့ကို စွန့်ခွာ စစ်ရှောင်နေကြရသည်။

KIA အနေဖြင့် ဗန်းမော် မြို့သိမ်းတိုက်ပွဲနှင့်အတူ ဆင်နွှဲနေသည့် မံစီမြို့အနီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မံစီရှိ စစ်ကောင်စီ တပ်များကို သိမ်းပိုက်နိုင်မည့် အခြေအနေရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိူးမြို့ကို MNDAA ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်း ရေပူစမ်းလည်း ပိတ်သွားခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ဦးနီးပါးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့ဟု KNU ဘက်က အသိပေးထားသည်။

ဆောင်းပါး

စစ်ကောင်စီ၏ အင်အားအလုံးအရင်း ဖြည့်တင်းမှုသည် ကရင်နီပြည်နယ် လူလှိုင်းသုံး၍ ထိုးစစ်ဆင်ရန်ဟု KNDF ဒုစစ်ဦးစီးချုပ်က သုံးသပ်သည်။

သတင်း

စစ်ကောင်စီက ယနေ့ ညနေပိုင်း၌ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှသိရပြီး မြေပြင်အခြေအနေ စောင့်ကြည့်နေဆဲဟု ဦးဇော်ဆန်က ပြောသည်။

Facebook