close
Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅)က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။

ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ
ဖာပွန်က စခန်းနှစ်ခုကို KNU ဆက်လက်သိမ်းယူ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန် – ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့တောင်သုံးလုံးစခန်း တွေကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီလို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်မှာ အတည်ပြုပါတယ်။

ကတိုင်တိဒေသမှာ ရှိတဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန်း ကို ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၇ ရက်နဲ့ ဒီဇင်ဘာလ ၁၀ ရက်တို့မှာ KNU က သိမ်းယူခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်ထဲက ဆယ်စုနှစ်နဲ့ချီပြီး နေရာယူတပ်စွဲထားတဲ့စစ်တပ်စခန်းတွေဖြစ်တဲ့ ကူးဆိပ် ၊ မထောတပ်စခန်း တွေကို သိမ်းပြီးနောက် အဲဒီစခန်းတွေကို အောက်ဘက်မှာရှိတဲ့ တောင်သုံးလုံးနဲ့ဆင်စွယ်စခန်းတွေကိုKNU က ဆက်လက် တိုက်ခိုက်သိမ်းယူခဲ့တာပါ။

KNU က သိမ်းယူလိုက်တဲ့ တောင်သုံးလုံး၊ ဆင်စွယ်စခန်းတွေက ဖာပွန် – ကမမောင်း ကားလမ်းကိုစိုးမိုးထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။

အဲဒီကားလမ်းကိုသုံးပြီး ဖာပွန်ဆီ စစ်ကောင်စီတပ်က ကမမောင်း ဒေသကနေ စစ်ကူတက်ရာမှာ သုံးလေ့ ရှိတယ်လို့သိရပါတယ်။

ဖာပွန်မြို့ကိုတော့ KNU တပ်မဟာ (၅)က ထိန်းချုပ်ထားပြီး ဖာပွန်မြို့ပြင်က အခြေချ စစ်ဗျုဟာကိုလည်း လနဲ့ချီ ပြီး ဝန်းရံပိတ်ဆို့ထားပါတယ်။

KNU ရဲ့ ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က မြေပြင်ကနေ ဖာပွန်ဆီ စစ်ကူပို့ဖို့ ခက်ခဲလာသလို ၊ ရိက္ခာ ၊ ခဲယမ်းတွေကိုလည်း လေကြောင်းကနေ ချပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

နိုဝင်ဘာလ ၂၇ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထပ်မံသေဆုံးခဲ့ကြတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

မထောစခန်းမှ ဆုတ်ခွာ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုကိုလည်း တပ်မဟာ(၅)က နိုဝင်ဘာ ၂၅ ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။