close
Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်စိပ် တိုက်ခိုက်ခံရပြီး ကဆင့်ကလျားထွက်ပြေး

နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအား နယ်မြေအနေအထားအရ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြူးမြို့နယ်(ပကဖ)က အသိပေးထားသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော ဖြူးမြို့နယ်(ပကဖ)မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ − File)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသော ဖြူးမြို့နယ်(ပကဖ)မှ ရဲဘော်တစ်ဦး။ ဓာတ်ပုံ − File)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်သို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်စိပ်တစ်ခုကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)ည ၇ နာရီ ၄၀မိနစ်ခန့်က ဇေယျဝတီမြို့၊ လေးအိမ်စုကျေးရွာ အနောက်ဘက်၌ ကင်းပုန်းလာဝပ်သည့် အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်ကို ဖြူးမြို့နယ်(ပကဖ)ရဲဘော်များမှ လက်ဦးမှုယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ရေးရဲဘော်တွေ ရှိတယ်ကြားလို့ လာ(ကင်းပုန်း)ဝပ်ကြတာပါ။ အင်အား ၂၅ လောက်တော့ရှိမယ်။ ပစ်ခတ်ချိန် ၁၂ မိနစ်လောက်ပဲ ကြာပါတယ်”ဟု ဖြူးမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ချောင်းရိုးအတိုင်း ခင်ဝိုင်းရွာဘက်သို့ ကစဉ့်ကလျား ပစ်ခတ်ဆုတ်ခွာထွက်ပြေးသွားရာ ကျွန်းတောကုန်းရွာလမ်းထိပ် ဇရပ်အထိ ပကဖရဲဘော်များမှ လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ထိခိုက်မှု အတိအကျကတော့ မသိရသေးပါဘူး”ဟု ဖြူးမြို့နယ်(ပကဖ)တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိအခြေအနေတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအား နယ်မြေအနေအထားအရ စုံစမ်းနေဆဲဖြစ်ကြောင်း ဖြူးမြို့နယ်(ပကဖ)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်သွားကာ မုံရွာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

သတင်း

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီဝါဒဖြန့် ကြေးမုံနှင့် မြန်မာ့အလင်းတို့ကို ရည်ညွှန်းကာ ၎င်းတို့က သတင်းစာမဟုတ်ကြောင်း ဝါရင့်သတင်းစာဆရာက ရှင်းပြသည်။

Facebook