close
Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၅)နယ်မြေ၌ နိုဝင်ဘာတိုက်ပွဲများအတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၉၀နီးပါးသေဟု KNUထုတ်ပြန်

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

(မာထောစခန်းအား သိမ်းပိုက်ရရှိစဉ် သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU)
(မာထောစခန်းအား သိမ်းပိုက်ရရှိစဉ် သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)၌ နိုဝင်ဘာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ နီးပါးသေဆုံးခဲ့ဟု KNUဗဟိုက ယနေ့(ဒီဇင်ဘာ ၆ရက်) သတင်းထုတ်ပြန်သည်

နိုဝင်ဘာ ၁ရက်မှ ၃၀ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ ထိခိုက်ကျဆုံးအခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၄၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၈၈ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။ KNLA ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံး ရှိꩻမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မာထောစခန်းတို့ကို နိုဝင်ဘာအတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း အသိပေးသည်။ KNLA ပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးလက်နက်ငယ်များ သိမ်းပိုက်ရရှိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လေကြောင်းကို အဓိကအသုံး ပြုကာပစ်ကူပေးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများကိုလည်း လေကြောင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံး (၁၆) လုံးနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ ၁ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က မြို့အဝင်အထွက်လမ်းများကိုပိတ်ထား​သော်လည်း စစ်တပ်ကို KIA နှင့် မဟာမိတ်များက ဝိုင်း၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းအသုံးပြု ထိုးစစ်ဆင်လာ၍ တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

သတင်း

ဗန်းမော်- မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေရွာရှိ စစ်ကောင်စီတပ်များလည်း ဗန်းမော်မြို့ထဲသို့ ဆုတ်ခွာသွားပြီဟု ဒေသခံများ သတင်းပေးပို့ထားဟု ဦးဇော်ဆန်က ပြောသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၅ရက်)တိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာ ၅ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Facebook