close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် လောင်းကစားဝိုင်းများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် ဖမ်းဆီးအရေးယူရန် ပကဖ သတိပေး

တော်လှန်ရေးတပ်ဖွဲ့များက လောင်းကစားဝိုင်းများအား စုံစမ်းစစ်ဆေးဖမ်းဆီးရန်နှင့် ပါဝင်ပတ်သက်ခြင်းမပြုရန် မြိုင်ပကဖက သတိပေးသည်။

(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓာတ်ပုံ - WTRF)
(ဝမ်းတွင်းမြို့နယ်ရှိ မင်းသားမင်းသမီးပုံ လောင်းကစားဝိုင်းများအား တွေ့ရစဥ်။ ။ဓာတ်ပုံ - WTRF)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လောင်းကစားဝိုင်းများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် ဦးဆောင်သူများအား ဖမ်းဆီးအရေးယူရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးကြေညာသည်။

မြိုင်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ရန် အကြိမ်ကြိမ်တားမြစ်ထားသော်လည်း ဆက်လက်ပြုလုပ်နေသည်ကို ပြည်သူများ၏ တိုင်တန်းမှုကြောင့် သိရကြောင်း၊ တော်လှန်ရေးအဖွဲ့များလည်း ပါဝင်ပတ်သက်ဆက်နွယ်နေသည်ကို လက်တွေ့ တွေ့မြင်နေရကြောင်း မြိုင်ပကဖက အသိပေးသည်။

လောင်းကစားပြုလုပ်မှုများကြောင့် တော်လှန်ရေးလုပ်ငန်းများ လျော့ကျခြင်း၊ စီးပွားပျက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားနိုင်ခြင်း၊ အများပြည်သူအထင်သေးခံရပြီး ယုံကြည်မှုမရှိခြင်း၊ မြို့နယ်အတွင်း ခိုးဆိုးလုနှိုက်နှင့်လုယက်သတ်ဖြတ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း မြိုင်ပကဖက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လောင်းကစားဝိုင်းများအား စုံစမ်းစစ်ဆေးဖမ်းဆီးရန်နှင့် ပါဝင်ပတ်သက်ခြင်းမပြုရန် မြိုင်ပကဖက သတိပေးသည်။

လောင်းကစားဝိုင်းများအား ဝင်ရောက်ဖမ်းဆီးပါက ဦးဆောင်ပြုလုပ်သူကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး လောင်းကစားပြုလုပ်သူများကိုလည်း ဖမ်းဆီးကာ အရေးယူမည်ဟု မြိုင်ပကဖက ဆိုသည်။

“လောင်းကစားဝိုင်းကို တချို့က ပိုက်ဆံရှိတဲ့သူက နယ်မြေအခြေအနေ အေးချမ်းနေတဲ့နေရာတွေက တော်လှန်ရေးကိုစိတ်ပါဝင်စားမှု နည်းလာတယ်။ နောက်တခါရဲဘော်တွေကိုယ်တိုင် ဒီလောင်းကစားဝိုင်းနဲ့ ပါမယ့်အခြေအနေမျိုးတွေ ရှိတဲ့အကြောင်းတွေလည်း ကြားရလို့။ ကျွန်တော် တို့ရဲဘော်တွေ တော်တော်များများကတော့မပါပါဘူး။ မပါပေမယ့်ရဲဘော်တွေသိအောင် အသိတရားဝင်အောင် အတားအဆီးတစ်ခုရအောင် စာထုတ်လိုက်ခြင်းဖြစ်တယ်။”ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“မြိုင်မြို့နယ်မြေပြင်မှာလည်း ပြည်သူလူထုများအကြား လောင်းကစားလုပ်တဲ့ တော်လှန်ရေး သမား‌ယောင်ယောင်တွေကြောင့် တော်လှန်ရေးပုံရိပ်ထိခိုက် နေကြောင်းလည်း သိရတယ်။လောင်းကစားဝိုင်းတွေ ဖမ်းဆီးနှိမ်နင်းရေးကို လက်တွေ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အဓိကကျပါတယ်။”ဟု မြိုင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လောင်းကစားပြုလုပ်ပါ ဦးဆောင်သူများအားဓာတ်ပုံရိုက်ထား၍ ၎င်းတို့၏နေအိမ်များအား အုံလိုက်ကျင်းလိုက်ဝင်ရောက်ဖမ်းဆီးရန် မြိုင်ပကဖက လမ်းညွှန်ထားသည်။

ဖမ်းဆီးရမိပါက အချုပ်နှင့်ထောင်ဒဏ်အပြင် ဝေးလံသောလက်နက်ကိုင်အဖွဲ့များထံသို့ပို့ဆောင်သွားမည်ဟု မြိုင်ပကဖက ဆိုသည်။

လောင်းကစားဝိုင်းကသိမ်းယူမည့် ငွေကြေးနှင့် ပစ္စည်းများကိုလည်း လိုအပ်ရာနေရာများတွင်အသုံးပြုသွားမည်ဟု မြိုင်ပကဖက အသိပေးထားသည်။

ထို့အပြင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများဖမ်းဆီးရမိပါကပြည်သူလူထုရှေ့တွင် တရားစီရင်သွားမည်ဟု မြိုင်ပကဖက ထပ်မံသတိပေးထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဒေသအသီးသီးတွင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လောင်းကစားဝိုင်းများပိုမိုပေါများလာကာ စစ်အုပ်စုကိုယ်တိုင်က လိုင်းကြေးများယူ၍ ဖွင့်ခွင့်ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တွင်းမကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီးများ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်းသတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သရက်ကွပျူစောထီးကျေးရွာအား လေကြောင်းဖြင့် လာပို့သည့် ရိက္ခာထုပ်များအား PDF ရဲဘော်များက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ယနေ့(ဇွန်လ ၂၇ ရက်) နေ့လယ် ၁၂ နာရီတွင် ပဲခူးမြို့ ၀င်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင် မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်နေသည်။