close
Connect with us

Hi, what are you looking for?

သတင်း

သာကေတ ဂက်စ်မီးဖိုအရောင်းဆိုင်မီးလောင်မှု သုံးဦးဒဏ်ရာရ

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)
(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)

သတိုး / People’s Spring

ရန်ကုန်မြို့ သာကေတမြို့နယ် ယမုံနာလမ်းရှိ ဂက်စ်မီးဖိုအရောင်းဆိုင် မီးလောင်မှုတွင် ဒဏ်ရာရရှိသူသုံးဦးရှိခဲ့သည်။

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)
(မီး​လောင်ပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်​ရေးအသင်း)

ယင်းမီးလောင်မှုတွင် အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်) ကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ယမုံနာလမ်းမကြီးပေါ်က ဆိုင်တွေထဲက တစ်ဆိုင်က အုန်းဆိုပြီး ပေါက်ကွဲသံအကျယ်ကြီး ကြားပြီး ခဏနေတော့ နောက်ဆက်တွဲ ပေါက်ကွဲသံတွေ ဆက်ကြားရတာပဲ။ Gas ဖြည့်တဲ့ဆိုင် ကစပေါက်ကွဲပြီး စလောင်တာလား ဘေးဆိုင်ကလားတော့ သေချာမသိဘူး။ ပေါက်ကွဲမှုက တော်တော်လေး ပြင်းပါတယ် ဖုန်လုံးကြီး က ၅လွှာ တိုက်ကျော်တယ်။ ” ဟု ဒေသခံတစ်ဦးကပြောသည်။

မီး‌ငြှိမ်းသတ်သည့် အချိန်၌ ဂက်စ်အိုးများပေါက်ကွဲသည့် အသံများလည်း ကြားရပြီး ဒဏ်ရာရရှိသူနှစ်ဦးရှိသည်ဟု သိရကြောင်း ယင်းဒေသခံက ဆိုသည်။

“မြန်မာနိုင်ငံမှာ Gas အိုးတွေက နေရာအနှံ့ အသုံးပြုလာကြပေမယ့် Safety နဲ့ ပတ်သက်တဲ့ Awareness အားနည်းတော့ ခုလိုမျိုး မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ရတာပါပဲ။ သတိထားရမယ့်အထဲ Gas အိုးတွေလဲ ပါတယ်။” ဟု ၎င်းက အကြံပြုသည်။

မီးလောင်မှု အကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးများ နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် ၊မီးလာလိုက်ပျက်လိုက်မကြာခဏဖြစ်ပြီး​နောက် ဝါယာရှော့ဖြစ်ကာ တိုက်အိမ်တစ်လုံး မီးလောင်မှုဖြစ်ရာ မီးသတ်ကားများ ၂နာရီခန့် နောက်ကျပြီးမှ လာရောက်ငြှိမ်းသတ်ခဲ့၍ တစ်အိမ်လုံးပြာကျကြောင်း ​ဒေသခံများက ပြောသည်။

သတင်း

မန္တလေးမြို့၊ ဧရာဝတီမြစ်ဆိပ်၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆီတင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

လားရှိုးကို ယနေ့ နေ့လည်တွင်ထပ်မံ ဗုံးကြဲ

နိုင်ငံတကာ

ကလေးအများစု အပါအဝင် ၂၃ ဦး သေဆုံးခဲ့တဲ့ ထိုင်းကျောင်းကား မီးလောင်မှုမှာ အစောပိုင်းက ထွက်ပြေးခဲ့တဲ့ ဘတ်စ်ကား ယာဉ်မောင်းဟာ ရဲတွေဆီမှာ အဖမ်းခံခဲ့ပြီး အခုတော့ သူ့ကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Facebook