close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမြို့တွင် အရက်ဆိုင်၌ အရက်သောက်နေသော ရဲ ၃ဦး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံး

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်ရှိ အရက်ဆိုင်၌ အရက်သောက်နေသော စစ်ကောင်စီလက်ပါးစေ ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - နွားထိုးကြီးဂျာနယ်)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - နွားထိုးကြီးဂျာနယ်)

အင်ကြင်း/People’s Spring

နိုဝင်ဘာ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ဆီမီးခုံမြို့ရဲစခန်းနှင့် မီတာ ၂၀၀ခန့်ကွာဝေးသော ရွှေစည်းခုံဘုရားအရှေ့ရှိ အရပ်ဆိုင်အတွင်း အရပ်ဝတ်ဖြင့် အရက်သောက်နေသော ဆီမီးခုံရဲစခန်းမှ နယ်ထိန်းတစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် ရဲ ၃ဦးအား ဝင်ရောက်ပစ်ခတ်ရာ ၂ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း ပစ်ခတ်မှုတွင်ပါဝင်သော MP-9အဖွဲ့၏ တာဝန်ခံက ပြောသည်။

“လက်ဖက်ရည်ဆိုင်နဲ့အရက်ဆိုင် နှစ်ခုတွဲထားတာ။ ရဲတွေက အရက်သောက်နေကြတာ။ နှစ်ကောင်သေတယ်။တစ်ကောင်ကတော့ လက်ထိပြီးပြေးတာ။ အိမ်တစ်အိမ်ရဲ့နောက်ကိုပြေးတော့လွတ်သွားတယ်။”ဟု MP-9အဖွဲ့၏ တာဝန်ခံက ပြောသည်။

အဆိုပါ ရဲများထံမှ G3 ၃လက်အား တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။ ရဲများပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်နေပြည်သူများအား ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့ပြီး ပျူစောထီးအားကောင်းသော ဆုံရွာဘက်မှ အင်အားများထပ်တိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9အဖွဲ့၊ တလုပ်-PDF နှင့် ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်ကလည်း ဆီမီးခုံရဲစခန်းအနီးကွမ်းဝယ်နေသည့် စစ်သားတစ်ဦးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်နပန်းလုံးပြီး သေနတ်လုယူခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကလည်း မြင်းခြံ – ဆီမီးခုံကားလမ်းပေါ်တွင် မြင်းခြံဆမြို့မှ ဆီမီးခုံရဲစခန်း ပြန်လာသည့် ရဲ ငါးဦးအပါအဝင် ၆ ဦး ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းများပါ တော်လှန်ရေးအဖွဲ့များ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၈ဦးသေဆုံးပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၅၁ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဟုယူဆရသည့် ဗုံးများကြဲချမှုကြောင့် ဒေသခံပြည်သူ ၈၀ ကျော် မူးလဲအော့အန်သည့် ဝေဒနာခံစားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

သတင်း

ကုန်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် (၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက အသိပေးသည်။

သတင်း

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင်လည်းစစ်ကောင်စီက ၎င်းနှင့်ဆုတ်ခွာသည့်လမ်းကြောင်းတလျှောက် မိုင်းများထောင်ထားပြီး ဆုတ်ခွာသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာ ထောင်ထားသည်များကို တွေ့ရှိရသည်ဟုအာရက္ခတပ်တော် AAက ထုတ်ပြန်ခဲ့သည်။

Facebook