Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို Yangon Armyအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA)မှတာဝန်ရှိသူက ပြောသည်။

မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော် အုပ်ချုပ်မှုသင်တန်းကျောင်းအား Google Mapမှ တွေ့ရစဉ်

သတိုး/People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ဂိတ်ကင်းကို ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း Yangon Army (YA)မှတာဝန်ရှိသူက ပြောသည်။

“အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ တပ်မတော်အုပ်ချုပ်မှု့သင်တန်းကျောင်းရှိ ဂိတ်ကင်းအားYangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ပူးပေါင်း၍ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ပါသည်။ လုံခြုံရေးစစ်ခွေးများပြင်းပြင်းထန်ထန်ထိခိုက်သွားပါသည်။” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် အဆိုပါ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးကြောင်း ၎င်းကဆိုသည်။

မှော်ဘီမြို့၌ ည ၇ နာရီခွဲအချိန်ခန့်က ပေါက်ကွဲသံ သုံးကြိမ်ခန့်ကြားရကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးချက်ကို ရန်ကုန်သတင်းများကို ဖော်ပြပေးနေသည့် Hlaing Info က အသိပေးထားသည်။

“ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောမတရားဥပဒေထုတ်ပြီး ပြည်သူအား စစ်မှုမထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသော

အုပ်ချုပ်ရေးမှူးများကိုကျွန်ုပ်တို့အနေဖြင့် ထိထိရောက်ရောက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု YA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထပ်မံ၍ စစ်ရေးပစ်မှတ်များကို မဟာမိတ်အဖွဲ့များ နှင့်ပူးပေါင်း၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို ဝေးဝေးမှရှောင်ကြရန် YAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက်ရုံးများကို ပြ​ည်သူ့ကာကွယ်ရေး ​တော်လှန်ရေးရဲဘော်များက မကြာခဏ ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ ရှိသည်။

သတင်း

မြို့ပြအထူးစစ်ဆင်ရေး U.S.O သည် ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအရှိန်မြှင့်မည့်အကြောင်း စင်တင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေးလေးကြိမ်လုပ်ဆောင်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။