close
Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်ဖြင့်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီခန့်အုပ်ကြီး အာကြီးနှင့် ၎င်းထံမှသိမ်းဆည်းရရှိသော ပစ္စည်းအချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီခန့်အုပ်ကြီး အာကြီးနှင့် ၎င်းထံမှသိမ်းဆည်းရရှိသော ပစ္စည်းအချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)က မင်းလှမြို့ နယ်၊ညောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအာကြီး(ခ)ခင်ထွန်းလွင်အား နံနက် ၈နာရီကျော်တွင် မင်းလှမြို့ဘက်သို့ ဆိုင်ကယ်ဖြင့်လာစဥ် ချောင်းနားရွာတောင် ဘက်ထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ် ခွဲ ၂နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ပစ်ခတ်ခဲ့ခြင်းဟု တပ်ရင်းတာဝန်ရှိသူများက အတည်ပြုသည်။

(စစ်ကောင်စီခန့်အုပ်ကြီး အာကြီးနှင့် ၎င်းထံမှသိမ်းဆည်းရရှိသော ပစ္စည်းအချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီခန့်အုပ်ကြီး အာကြီးနှင့် ၎င်းထံမှသိမ်းဆည်းရရှိသော ပစ္စည်းအချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

ပစ်ခတ်မှုကြောင့် စစ်ကောင်စီအုပ်ကြီး အာကြီးနေရာတွင် သေဆုံးသွားပြီး ၎င်းထံမှ မိုလ်ဘိုင်းဖုန်းတစ်လုံးနှင့် ကျပ်လေးသိန်း သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း ၃၈၀၂​၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သူရှိတဲ့အိမ်ဆို ခြောက်သောင်း၊ စစ်မှုထမ်းဖို့ အကျုံးဝင်သူမရှိတဲ့အိမ်ဆို နှစ်သောင်း လစဥ်ကောက်ပါတယ်။ စစ်မှုထမ်းဖို့နံမည်ပါပြီး တိမ်းရှောင်နေတဲ့အိမ်တွေနဲ့ စစ် မှုထမ်းကြေး သူတောင်းတာမပေးတဲ့အိမ်တွေကို မီးရှို့မယ်ခြိမ်းခြောက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုကျွန်တော်တို့ဖုန်းဆက်ပြီး ပြောတာဂရုမစိုက်ဘဲ စကစတွေခေါ်ဖမ်းခိုင်းပါတယ်။ ဒါကြောင့်သူ့ကို ရှင်းရတာပါ”ဟု ၎င်းတာဝန်ခံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

နိုဝင်ဘာ ၁၇ ရက်ကလည်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်(ခ)ဇော်ထွန်းအား အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီး လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည်။

ထို့အပြင် ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါက်မြို့နယ်၊ ညောင်ဝန်းအုပ်စု ပေါ်လံကြီးကျေးရွာနေ ပျူသင်တန်းဆင်း အောင်ဌေးဆိုသူအား တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၄) နှင့် ၃၆၀၂၊ တပ်ခွဲ(၃)တို့ပူးပေါင်းပြီး ၎င်း၏နေ အိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ သေနတ်ကျည် ဝမ်းဗိုက်ထိမှန်ကာ သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

သတင်း

တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။

သတင်း

အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇) လက်အောက်ခံတပ်များ နှင့် ရှမ်းနီတပ်(SNA)တို့က ပူး​ပေါင်းခုခံ​နေခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

Facebook