close
Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း

ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်​​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-File Photo)
(စစ်​​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-File Photo)

အိမ်သွင်/People’s Spring

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်‌ကောင်စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်းတစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ‌ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်‌ကောင်စီနှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်စခန်းကို သိမ်းယူခဲ့သည် ။အောက်တိုဘာလကုန်ရက်ကလည်း ဟုမ္မလင်း တဘက်ကမ်း ဆယ်ဇင်းရွာမှ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းစခန်းတစ်ခုကို သိမ်းယူခဲ့သည်။

ဟုမ္မလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်မှ ၂၄ရက်အတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီးစစ်‌ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေ ပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလတွင် တိုက်ခိုက် သိမ်းယူထားသည်။

ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်နေသော တမူးခရိုင်မှ မြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။

သတင်း

နွားထိုးကြီး PDFသည် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တိုက်ခိုက်နေပြီး အောင်ပွဲများလည်း ရရှိထားသည်။

သတင်း

တောင်ပိုင်းတိုင်း စစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ရာ တပ်သားတစ်ဦးသည် MA1 (၁)လက် နှင့် ကျည်များယူလာခဲ့သည်ဟု ဖော်ပြသည်။

သတင်း

Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် ယခုနိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

Trending

Facebook