Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ကောင်စီနှင့် SNA ပူးပေါင်းစခန်းများကို PDFများ သိမ်းပိုက်

စစ်ကောင်စီသည် ကလေးမြို့လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)

ထူးအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါရွာများကို စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်နေသည်။

ဟုမ္မလင်းမြို့နယ်မှ တုံမာဟဲ၊ မုတ်ကလိ၊ ဖာနိုင်းနှင့် ပရစ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းနှင့် SNA စခန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလတတိယပတ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း သိမ်းယူလာခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

” ရွာလေးရွာကို သိမ်းလိုက်တော့ လေကြောင်းကနေ လာပစ်နေတယ်။ ဒေသခံတွေကတော့ ရှောင်နေကြရပြီး အရပ်သားထိခိုက်မှု သတင်းမကြားရသေးပါဘူး”ဟု ဟုမ္မလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံး သတင်းများကို မသိရှိရသေးပေ။ ထို့အပြင် တိုက်ပွဲနှင့်ပတ်သက်ပြီး မကြာမီတရားဝင်သတင်းထုတ်ပြန်မည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကလေးမြို့လေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို ဟုမ္မလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဟုမ္မလင်းမြို့မြို့နယ်နေရာအချို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အခြေနေကိုမသိရှိရသေးပေ။

ယခုအခါ စစ်ကောင်စီသည် ဟုမ္မလင်းမြိုမြို့ပေါ်၌သာ တပ်စွဲထားနိုင်ပြီး ဘေးပတ်ဝန်းကျင် ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဟုမ္မလင်း PDF)

ဟုမ္မလင်းမြို့နယ်မှ ပျူစောထီးရွာများဖြစ်‌သော ကျွန်းကုန်းရွာ ၊ သောင်သွတ်ရွာ ၊ အင်းကြင်းမော်ရွာ ၊ မနော်သာကျေးရွာမှ ပျူစောထီးအင်အား စုစုပေါင်း ၁၂၀ခန့်သည် ပြီးခဲ့သည့် ဧပြီလဆန်းကတိုက်ပွဲများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်ခဲ့ပြီး လက်နက်မျိုးစုံ (၁၃၀) လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိ ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဟုမ္မလင်းမြို့နယ်အတွင်းပါဝင်သော ရွရွှေပြည်အေးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဟုမ္မလင်းမြို့နယ်နှင့် ဆက်စပ်‌နေသော တမူးခရိုင်မှမြို့သစ်မြို့နှင့် ခါမ်းပါတ်မြို့ကိုလည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက စစ်မှု ထမ်းဥပဒေအရဟုဆိုကာ တပ်သားသစ်စု ဆောင်းခဲ့ရာ ပထမအသုတ်အနေဖြင့် နိုင်ငံတစ်ဝှမ်းလူငယ် ၁၀,၀၀၀ ကျော်ခေါ်ယူပြီးဖြစ်ကာ အချို့မှာ သင်တန်းဆင်းပြီးနောက် ရှေ့ တန်းသို့ပို့ခံရ၍ စစ်မြေပြင်၌ သေဆုံးမှုများလည်း ရှိနေသည်။

သတင်း

KIAက တပ်မဟာအသစ် တိုးချဲ့ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

သတင်း

CNA အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့သည် တွန်းဇံ၊ ရေဇွာ၊ လိုင်လင်းပီ၊ ရိဒ်ခေါ်ဒါမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

သတင်း

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကိုလည်း တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၆၁)အနီးတွင် ၂၀၂၃ ဇန်နဝါရီ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့သည်။