close
Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်နှင့် တောင်ကိုရီးယားရှိ တရုတ်သံရုံး​ရှေ့တွင် မြန်မာနိုင်ငံသားများဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တရုတ်သံရုံးရှေ့တွင်လည်း မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - Global Myanmar Spring Revolution
ဓာတ်ပုံ - Global Myanmar Spring Revolution

သုည/People’s Spring

ဗြိတိန် နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒပြပွဲများ ယနေ့ (နိုဝင်ဘာ ၁၀) ပြုလုပ်ခဲ့ကြသည်။

ဗြိတိန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများက လန်ဒန်မြို့ရှိ တရုတ်သံရုံးနှင့် မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ ရှေ့၌ “End of Dictatorship in Burma (Myanmar)” စာသားကိုင်ဆောင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် သွားရောက်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - Global Myanmar Spring Revolution
ဓာတ်ပုံ – Global Myanmar Spring Revolution

တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဖိအားပေး အပစ်ရပ်ခိုင်းနေခြင်းနှင့် အထူးသဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ကူမင်းမြို့သို့ ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းများသည် မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်နေ၍ ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Global Myanmar Spring Revolution
ဓာတ်ပုံ – Global Myanmar Spring Revolution

ထို့အပြင် ပြည်သူ့ဆန္ဒဖြစ်သော နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြန်လွှတ်ပေးရန် စစ်ကောင်စီကို ဖိအားပေးခြင်း၊ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ အသိအမှတ်မပြုရန်၊ ပြည်သူကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီရောင်းချခြင်းများ မပြုလုပ်ရန်၊ ပြည်သူ့အစိုးရ NUG ၊ ERO များနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်တောင်းဆိုချက်များ ပါဝင်သော အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်းတရုတ်သံရုံးသို့​ပေးပို့ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တရုတ်သံရုံးရှေ့တွင်လည်း မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - Global Myanmar Spring Revolution
ဓာတ်ပုံ – Global Myanmar Spring Revolution

​ဆန္ဒပြသူများက “China Get Out of Burma” ၊ “China We Decided Our Future” ၊ “Our Way Back Home is Unstoppable” ၊ “ကိုယ့်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှတားဆီးခွင့်မရှိ” စာသားများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီက ဦးဆောင်ခဲ့ပြီး We Love Mothers Land ၊ MFDMC ၊ Yaw Funding ၊GMSR Korea၊ NLD(OC) Intl Korea ၊KTJ Supporting Group၊ Khayan Supporting Korea တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးတွင်တတ်ကြွစွာပါဝင်နေသော ကိုရီးယားနိုင်ငံရောက် မြန်မာများ နေထိုင်ခွင့်ဗီဇာအခက်အခဲဖြင့် ဖမ်းဆီးခံရပါက ကူညီဖြေရှင်းပေးမည်ဟု အဆိုပါ ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်သည်။

နိုင်ငံတကာ

အတိုက်အခံတွေကတော့ ယွန်ဟာ ဇနီးဖြစ်သူရဲ့ အရှုပ်အထွေးတွေကို အကြောင်းပြုပြီး လူထုထောက်ခံမှု ကျဆင်းလာတော့မှသာ အခုလို တောင်းပန်စကားဆိုပြီး အခြေအနေကို ကုစားဖို ကြိုးစားနေတာ ဖြစ်တယ်လို စွပ်စွဲ ဝေဖန်ထားပါတယ်။

သတင်း

တော်လှန်ရေးကာလမှာ ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲပြန်လည်ပြုလုပ်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ဗြိတိန်မြေမှာ အောင်မြင်မှုစိုက်ထူနိုင်ခဲ့ပါတယ်။

သတင်း

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။

Facebook