close
Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းယနေ့ (အောက်တိုဘာ ၂၀) ဆန္ဒပြကြခဲ့သည်။

သုည/People’s Spring

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းယနေ့ (အောက်တိုဘာ ၂၀) ဆန္ဒပြကြခဲ့သည်။

ယင်းဆန္ဒပြပွဲကို “တရုတ်ကွန်မြူနစ်အစိုးရဲ့ နွေဦးတော်လှန်ရေးအပေါ် နှောက်ယှက်ဟန့်တားနေမှုများကို စုပေါင်းအားနဲ့ ဆန့်ကျင်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် (၁၄၄) ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို မြေပြင်လူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆန္ဒပြမြန်မာနိုင်ငံသားများက “ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ၊ “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ”၊ “တသံတည်းညီ တချီထဲရုန်း” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ၊ “Free Burma” ၊ “နွေဦးတော်လှန်ရေး ငါတို့နိုင်မှာ” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါမြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee- Northern California က ဦးဆောင်ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများက အတူတကွ ပူး​ပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ – Gary Racchio

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်အုပ်စုဘက် ပြောင်ပြောင် တင်းတင်းရပ်တည်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်မှုကို ရန်ကုန်မြို့ရှိ လူငယ်အချို့က ယနေ့(အောက်တိုဘာ ၁၉) စတင်ပြုလုပ်ခဲ့ကြသည်။

သတင်း

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။