close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား

လက်ရှိ တော်လှန်ရေးသည် ပြည်သူလူထုကြောင့် အောင်မြင်နေခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း ပြောသည်။

ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား
ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား

■တော်လှန်ရေးကို အမြန်ဆုံးနှင့် အကောင်းဆုံး အပြီးသတ်ရန် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေဟု KNPP အသိပေး

■စစ်ကောင်စီတပ်များအား PDFနှင့် ပူးပေါင်းပြီး ပြတ်သားစွာ တွန်းလှန်တိုက်ခိုက်နေဟု KNUပြော

■“ပြည်သူလူထု ပါဝင်တဲ့ ဘယ်အရာမဆို မအောင်မြင်တာမရှိပါဘူး” CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

ဟန်နွေ/People’s Spring

မြန်မာ ပြည်သူတစ်ရပ်လုံးကတော်လှန်ရေး၌ ပါဝင်မှု၊ လက်ရှိအချိန်ထိ ဒုက္ခများစွာ ကြံ့ကြံ့ခံတောင့်ခံပေးမှုအပေါ် ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေအစိုးရ(NUG)၏မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ပြည်သူလူထု ပါဝင်သည့်တော်လှန်ရေး အောင်မြင်မှု ရရှိမည်မှာ သေချာကြောင်း ၎င်းတို့က​ပြောသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တာဝန်ရှိသူများက ယမန်နေ့(နိုဝင်ဘာ ၅ ရက်)တွင် ဘုံသဘောထား ရပ်တည်ချက်နှင့်ပတ်သက်ပြီး ပူးတွဲ သတင်းစာရှင်းလင်းခဲ့ရာ ပြည်သူလူထု၏ တော်လှန်ရေး၌ ပါဝင်မှု အပေါ် အလေးထား ပြောကြားခဲ့ပြီး ဆက်လက်၍ အတူတကွ ရုန်းကန်ကြရန် တိုက်တွန်းခဲ့သည်။

ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား
ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား

“စစ်အာဏာရှင်ပြုတ်ကျရေးမှာ အားလုံးကလက်တွဲညီညီနဲ့အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့က အလွန်ပဲအရေးကြီးပါတယ်။တနိုင်ငံလုံးအရေးကြီးသလို ကျနော်တို့ ပြည်နယ်တစ်ခုအတွက်လည်း အရေးကြီးပါတယ်” ဟု KNPPတွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ တော်လှန်ရေးသည် ပြည်သူလူထုကြောင့် အောင်မြင်နေခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း ပြောသည်။

“ပြည်သူလူထုက ဒီဒုက္ခကို ကြံ့ကြံ့ခံပြီး တောင့်ခံနေကြတယ်ဆိုတာ ကျနော်တို့ ဂုဏ်ယူတယ်။ တခါတည်းမှာပဲ ကျနော်တို့ အတူတကွ ဆက်ပြီး ရုန်းကန်ကြရအောင်။ သန်းခေါင်ယံပြီးလို့ရှိရင် မနက်အလင်းက ဝင်လာမှာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

စစ်တပ်ကိုပြန်ပြီးတွန်းလှန်ဖယ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များအားလုံး အနေဖြင့်လည်း ဆက်လက်တိုက်ပွဲဝင်ရန် ၎င်းက တိုက်တွန်းသည်။

“ကျနော်တို့ရဲ့ တိုက်ပွဲဝင်မှုတိုင်းကလည်းအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုရှေးရှုတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ code of conduct လိုက်နာမှုတွေနဲ့ တပြိုင်တည်း တည်ဆောက်ပြီးတော့ တိုက်ပွဲဝင်ရင်းနဲ့ ကျနော်တို့ကိုယ်တိုင် အတူတကွပါဝင်ပြီးသွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ “ ဟု ပဒိုစောတာဒိုမူးက ပြောသည်။

KNPP တွဲဖက်အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကလည်း ၎င်း၏ အတွေ့အကြုံများအရ ယခင် လူထုတော်လှန်ရေးများ၌ စစ်တပ်က အစီအစဉ် စနစ်တကျ ပြန်ထိန်းချုပ်နိုင်ခဲ့၍ လအနည်းငယ်အကြာတွင် လူထုတော်လှန်ရေး ပြီးဆုံးခဲ့ရသော်လည်း လက်ရှိမှာ လေးနှစ်ကြာသည်အထိ လူထုတော်လှန်ရေး ဆက်ရှိနေသည်ဟု ပြောသည်။

ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား
ပြည်သူလူထုတစ်ရပ်လုံးက ဒုက္ခများကြံ့ကြံ့ခံပြီးတော်လှန်ရေး၌ ပါဝင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း NUG ၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များပြောကြား

“စစ်ရေးအရသော်လည်းကောင်း ၊နိုင်ငံရေးအရသော်လည်းကောင်း၊သံတမန်ရေးအရသော်လည်းကောင်း ကျနော်တို့ အများကြီး မင်းအောင်လှိုင်ကို နှိမ်နင်းနိုင်တာတွေ ဖိအားပေးနိုင်တာတွေအများကြီး လုပ်နိုင်ပါပြီ။ ဒီထက်ပိုပြီး လုပ်နိုင်အောင်ကျနော်တို့လိုအပ်ချက်ကကျနော်တို့ အားလုံးသာ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ဒီထက်နောက်တစ်ဆလောက်ထပ်တိုးလိုက်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ဒီနေ့နဲ့ မနက်ဖြန်ကျဆုံးသွားဖို့ အနေအထားမှာ ရှိပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲနှင့် ထွက်ပေါက်ရှာရန် ရည်ရွယ်သည့် ဆွေးနွေးမှုကို လက်မခံရန်လို အပ်ကြောင်း ၎င်းက သတိပေးသည်။

“လူထုကိုလည်းအများကြီးကျေးဇူးတင်တယ်။ လူထုရဲ့ ထောက်ခံမှုမရှိတဲ့ တော်လှန်ရေးဟာ ဘယ်တော့မှ ရပ်တည်လို့မရဘူး။ ဒီနေ့ လူထုတစ်ရပ်လုံးက ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်ရဲ့ အာဏာရှင်စနစ်မရှိမှသာ ကျနော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်ဆိုတာကို လုံး၀ ယုံကြည်ပြီးသားဖြစ်တဲ့အတွက် လူထုတစ်ရပ်လုံးက တော်လှန်ရေးအပေါ်မှာပါလာတာဖြစ်တယ်။ ဒါဟာ ကျနော်တို့ ရဲ့ ခွန်အားဖြစ်တယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

အမြန်ဆုံးအကောင်းဆုံးဖြင့် တော်လှန်ရေးအပြီးသတ်ဖြစ်အောင် လုပ်ဖို့လုပ်ငန်းစဉ်များ တိုးချဲ့လုပ်ဆောင်နေကြောင်း အသိပေးသည်။

“ကျနော်တို့ အချင်းချင်းကြားထဲမှာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နည်းမျိုးစုံတွေရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းတွေလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ ချပြပြီးတော်လှန်နေတဲ့ အဖွဲ့အစည်းရှိသလို သူ့ရဲ့ မဟာဗျူဟာအရ တွန်းလှန်နေတာတွေရှိတယ်။ လုပ်နေတာတွေရှိပါတယ်။ ပြည်တွင်းမှာလည်းရှိတယ် ပြည်ပမှာလည်းရှိတယ်။ ဒါတွေက မကြာခင်မှာ ဒီရုပ်လုံးက ပေါ်လာမှာ ဖြစ်ပါတယ်လို့ လူထုကို တိုက်တွန်းပြောကြားလိုပါတယ်။ အားပေးလည်း အားပေးချင်ပါတယ်။” ဟု ဦးအောင်ဆန်းမြင့်က ပြောကြားသည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လည်း လက်ရှိ အခွင့်အရေးမျိုး ပြန်ရနိုင်ရန်မရှိ၍ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုပြီး တော်လှန်ရေးအောင်မြင်မှု ရရှိရေး ရှေ့ဆက်တွန်းရန် ပြောကြားသည်။

“တွန်းတဲ့နေရာမှာ ကျနော်တို့ဘက်က ပြည်သူလူထုပါတယ်။ ပြည်သူလူထု ပါဝင်တဲ့ ဘယ်အရာမဆို မအောင်မြင်တာမရှိပါဘူး။” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲများ နိုင်ငံရေးအရ စစ်ရေးအရ ဖော်ဆောင်ရာ၌ အောင်ပွဲရရှိနေပြီးစစ်ကောင်စီကျရှုံးနေသည်မှာ အားလုံးအသိပင်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အောင်မြင်နေတဲ့ဟာ မျက်မြင်ကိုယ်တွေ့ရှိနေတဲ့အပေါ် ဘာမှ တွေဝေစရာမရှိပါဘူး။ ရှေ့ဆက်ပြီး တွန်းရုံပဲ ရှိပါတယ်။ ကျနော်တို့ရဲ့ စုစည်းမှုအား ကောင်းကောင်းနဲ့ ဆက်လက်ပြီး ချီတက်ပြီး မဟာဗျူဟာ နည်းဗျူဟာကို ကောင်းကောင်းချပြီး ဆက်တွန်းရင်တော့ အောင်ပွဲကတော့ရကိုရလိမ့်မယ်လို့ပြည်သူကိုကတိပြုလိုပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မှု အခြေအနေကို ပြောပြသည်။

“တောင်ပိုင်းစစ်ရေးအခြေအနေကတော့ ကျနော်တို့နဲ့ PDFနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒီဟာတွေကတော့ ကျနော်တို့ တောင်ပိုင်းမှာ စစ်တပ်ကိုရှေ့တန်းမှာရန်သူ အသွင်နဲ့ လာတဲ့ စစ်သားတွေမှန်သမျှကတော့ ပြတ်ပြတ်သားသား ကျနော်တို့ ဆက်ပြီးတော့ စဉ်ဆက်မပြတ် ပြန်ပြီး ဖိအားပေး တွန်းလှန်ပြီးတိုက်ယူတဲ့ရှင်းလင်းတာတွေ တောက်လျှောက်ရှိနေပါတယ်။တချက်မှမရပ်ပါဘူး။ PDFနဲ့ ပူးပေါင်းညှိနှိုင်းမှုက ဘာမှ ကျနော်တို့ ကြားမှာ အခက်အခဲမရှိပါဘူး”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို ဖော်ပြခဲ့သည်။

သတင်း

ဦးဝင်းဌေးမိသားစု သတ်ဖြတ်ခံရသည့် တပုန်းကျေးရွာသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး ပျူစောထီးအချိူ့လည်း ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

သတင်း

တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထုတ်ပြန်သည့် ဦးတည်ချက် ၆ရပ်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ

Facebook