close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး စက်သေနတ်ငယ် ၂ လက်ယူလာပြီး PDF ဇိုလဲန်းထံအလင်းဝင်

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

အလင်းဝင်လာ​သောစစ်သားကို PDF Zoland မှတာဝန်ရှိသူက ဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ဓါတ်ပုံ-PDF Zoland

မိုးမိုး/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

စက်တင်ဘာ ၁၉ရက်တွင် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှတပ်သား ဟိန်ထက်ကိုကိုသည် MA2 စက်ကလေး၂ နှစ်လက် ၊ လက်ပစ်ဗုံး၊ ကျည်အိမ်များ ယူဆောင်ကာ အလင်းဝင်လာခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အဆိုပါတပ်သားသည် ငါးဂျင်းမြှီး ခေါ် MG 3 စက်သေနတ်၏ ကျည်ခါးပတ် နှစ်တွဲ ယူဆောင်လာသည်ဟုလည်း​ဖော်ပြထားသည်။

ထိုသို့လက်နက်၊ ကျည်ဆံများဖြင့် အလင်းဝင်လာသည့် တပ်သားကို PDF ဇိုလဲန်းက ဆုငွေပေးအပ်နေသည့် မှတ်တမ်းဓာတ်ပုံကို ဖော်ပြထားပြီး ပေးအပ်သည့် ဆုငွေ ပမာဏကို ဖော်ပြထားခြင်းမရှိပေ။

ယခင်ကလည်း ဖလမ်း အခြေစိုက် ခလရ(၂၆၈)နှင့် တီးတိန်အခြေစိုက် ခလရ(၂၆၉)မှ စစ်သားများ PDF ဇိုလဲန်းထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်မှုများ ရှိခဲ့သည်။ စစ်ကောင်စီတပ်များ အလင်းဝင်ရောက်မှု အခြေအနေများ မေးမြန်းရန် PDF ဇိုလဲန်း တပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

PDF ဇိုလဲန်းသည် ချင်းညီနောင် အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်ပြီး မတူပီမြို့သိမ်းတိုက်ပွဲ၌ ချင်းညီနောင်အဖွဲ့ဝင်များ၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA) တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြောင်း အသိပေးထားသည်။ ထို့ပြင် ယမန်နှစ် နိုဝင်ဘာကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF ဇိုလဲန်း တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းမိပြီးလက်နက်များလည်း ရရှိခဲ့သည်။ ယခု ၂၀၂၄ မေလကုန်ပိုင်းကလည်း တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို PDF ဇိုလဲန်းက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

သတင်း

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God's Hand Forces (GHF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ရှမ်း - ကရင်နီနယ်စပ်စစ်ဆင်‌ရေး တစ်ပတ် အတွင်း စစ်ကောင်စီတပ်သား ၃၀သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက်အများအပြားသိမ်းဆည်းရရှိကြောင်း Loikaw Local PDF လွိုင်ကော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ထုတ်ပြန်သည်။

သတင်း

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

Facebook