close
Connect with us

Hi, what are you looking for?

သတင်း

တီးတိန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ပုဂ္ဂလိကဘဏ်အချို့ကိုဖောက်ထွင်းခဲ့ဟု PDF ဇိုလဲန်းထံ အလင်းဝင်လာသည့် စစ်သားပြော

ခလရ(၂၆၈)တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး လိုချင်သည်များ ယူဆောင်ဟု ရှင်းပြ

အလင်းဝင်လာသည့် ခလရ(၂၆၉)တပ်ရင်းမှ တပ်သား ဟိန်းထက်ကိုကို။ ဓာတ်ပုံ - PDF ဇိုလဲန်း

ဟန်နွေ/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်သားများက ပုဂ္ဂလိကဘဏ်အချို့ကို ဖောက်ထွင်းခြင်း၊ဖုန်းဆိုင်များကို ဖောက်ထွင်းခြင်းနှင့် နေအိမ်များရှိ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ် PDF-Zoland(ဇိုလဲန်း)တပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဟိန်းထက်ကိုကိုက ပြောပြသည်။

တီးတိန်အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ တပ်သား ဟိန်းထက်ကိုကိုသည် စက်တင်ဘာ ၁၉ရက်တွင် စက်သေနတ် ၂လက် ၊ ကျည်များ ယူဆောင်ပြီး PDF ဇိုလဲန်းထံ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။

PDF Zolandက အလင်းဝင်လာသည့် စစ် ကောင်စီခလရ(၂၆၉)မှ တပ်သား ဟိန်းထက် ကိုကိုအား မေးမြန်းမှုပြုလုပ်ခဲ့မှုကို ယမန်နေ့ စက်တင်ဘာ ၂၂ရက်ညပိုင်း၌ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ မေလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့်

Public Service Announcement

Public Service Announcement

တီးတိန်မြို့တိုက်ပွဲအကြောင်း ပြောပြခဲ့သည်။

PDF ဇိုလဲန်းနှင့် မဟာမိတ်များက မေလ ၂၇ရက် တွင်း တီးတိန်ရှိ စစ်ကောင်စီတပ်စခန်းနေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များစွာကို မီးရှို့ခဲ့သည်။

တီးတိန်တိုက်ပွဲတွင် ပြည်သူလူထုဆိုင်ကယ်များ၊ ဆန်အိတ်၊ ဆီပုံး၊ လက်ပ်တော့များကို ယူဆောင်ပြီး ပြည်သူများကို ရိုက်နှက်နှိပ်စက်မှုရှိခဲ့ကြောင်း တပ်သားဟိန်းထက်ကိုကိုက ပြောပြသည်။

“သူတို့လိုချင်တဲ့ပစ္စည်းကုန်သွားပြီဆိုရင် အိမ်ကို မီးရှို့ပစ်လိုက်တယ်။” ဟု ၎င်းက ပြောသည်။

ထိုသို့ မီးရှို့ပြီးပါက အဆိုပါ အိမ်များမှနေပြီးတော်လှန်ရေးရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့များကိုပစ်ခတ်သည်ဟု အပုပ်ချခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

မီးရှို့သွားသည့်တပ်မှာ ရန်ကုန်တိုင်းမှော်ဘီမြို့နယ်အခြစိုက် ခမရ(၇၀၃)တပ်ရင်းဖြစ်ပြီး အင်အား ၄၀ ခန့်ရှိကြောင်း ပြောသည်။

(၇၀၃)တပ်ရင်းသည် ပုဂ္ဂလိက ဘဏ်နှင့်အချို့ကို ဖောက်ထွန်းခဲ့သည်ဟု ၎င်းက ပြောသည်။

မည်သည့်ဘဏ်ကို ဖောက်ထွင်းသည်ဆိုသည်ကို အမေးအဖြေ၌ ထည့်သွင်း ဖြေကြားခြင်းမရှိပေ။

ထို့အပြင် ဖုန်းဆိုင်များကို ခလရ(၂၆၉)က ဖောက်ထွင်းခဲ့ကြောင်း၊ ရဲများနှင့် အတူ ဖောက်ထွင်းကာ ဖုန်းများ၊ ပါဝါဘဏ်များနားကြပ်များ လိုချင်သည်များကို ယူဆောင်ခဲ့ကြောင်းတပ်သား ဟိန်းထက်ကိုကိုက ပြောပြသည်။

(၇၀၃)တပ်သည် တွန်းဇံတိုက်ပွဲမှ ထွက်ပြေးလာသူများဖြစ်ပြီး ဇိုမီးတပ် ZRAက ကြိုဆိုပို့ဆောင်လာသူဖြစ်သည်ဟု ပြောသည်။

အဆိုပါ ဇိုမီးတပ်ZRAကို စစ်ကောင်စီက လက်နက်အချို့နှင့် ခဲယမ်းများ ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း ပြောပြသည်။

ထို့ပြင် တွန်းဇံနှင့် တီးတိန်အကြား တံတားဖျက်ဆီးရာတွင်လည်း ZRAတပ်များ စစ်ကောင်စီနှင့်အတူ ပါဝင်ခဲ့သည်ဟုဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် စိတ်ဓာတ်မကျရန်ကိုလည်း တပ်သား ဟိန်းထက်ကိုကိုက ပြောကြားခဲ့ပြီး မကြာမီတော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ အားလုံးကြိုးစားကြရန်နှင့် အားတင်းထားကြရန်လည်း တပ်သားဟိန်းထက်ကိုကိုက တိုက်တွန်းသည်။

PDF ဇိုလဲန်း တပ်ဖွဲ့သည် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပြီး မတူပီ မြို့သိမ်းတိုက်ပွဲ၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၊ တီးတိန်မြို့ပေါ်တိုက်ပွဲများ၌ ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

သတင်း

ဒုအရာခံဗိုလ်အပါအဝင် လေးဦးလက်နက်ချအညံ့ခံ

သတင်း

ချင်းပြည်နယ် တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီတပ်သား တစ်ဦး စက်သေနတ်ငယ် ၂ လက် ယူဆောင်လာပြီးအလင်းဝင်လာကြောင်းPDF ဇိုလဲန်းက အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းနှင့် ဆေးတပ်မှ ဗိုလ်မှူးနှစ်ဦး (၃၃)ဗျူဟာနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော ဒေါနစစ်ကြောင်းထံ အလင်းဝင်လာကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ(၃၃ )စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

Facebook