close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗလီတွေရှေ့မှာ ဝက်ခေါင်းပြတ်တွေ ထားသွားတဲ့ လုပ်ရပ်က ရုရှားအေးဂျင့်တွေ လက်ချက်လို့ ပြင်သစ်ယုံကြည်

ပါရီမြို့တော်က ဗလီတွေရှေ့မှာ ဝက်ခေါင်းပြတ်တွေ ထားရှိသွားတဲ့ လုပ်ရပ် နောက်ကွယ်မှာ ရုရှားရဲ့ ကြိုးကိုင် စွက်ဖက်မှုတွေ ရှိနေတယ်လို့ ပြင်သစ် လုံခြုံရေး အာဏာပိုင်တွေက ယူဆနေပါတယ်။

ဓာတ်ပုံ - Getty Images

ပါရီမြို့တော်က ဗလီတွေရှေ့မှာ ဝက်ခေါင်းပြတ်တွေ ထားရှိသွားတဲ့ လုပ်ရပ် နောက်ကွယ်မှာ ရုရှားရဲ့ ကြိုးကိုင် စွက်ဖက်မှုတွေ ရှိနေတယ်လို့ ပြင်သစ် လုံခြုံရေး အာဏာပိုင်တွေက ယူဆနေပါတယ်။

ဗလီတချို့ ရှေ့မှာ ဝက်ခေါင်းပြတ်တွေ ရည်ရွယ်ချက်ရှိရှိ ထားသွားတဲ့ ဖြစ်ရပ်အပြင် ဒုတိယ ကမ္ဘာစစ်တုန်းက ဂျူးတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဟိုလိုကော့စ် ဖြစ်စဉ် အောက်မေ့မှု အထိမ်းအမှတ် နေရာတစ်ခုမှာ အနီရောင် လက်ဝါးပုံတွေ ဆေးခြယ်ထားခဲ့တာ၊ ပါရီမြို့တော် ရပ်ကွက်တွေထဲမှာ ဂျူးဘာသာရေး အထိမ်းအမှတ် ဒေးဗစ်ရဲ့ ခြောက်ထောင့်ကြယ် သင်္ကေတတွေ ဆေးမှုတ်သွားတာလိုမျိုး အရင်က ကြုံဖူးတဲ့ ကိစ္စတွေ အားလုံးဟာလည်း တူညီတဲ့ ရင်းမြစ် တစ်ခုတည်းက ကြံစည်လုပ်ဆောင်နေတာလို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ အဲဒီ ဆေးနီလက်ဝါးတွေ၊ ဒေးဗစ်ကြယ်ပုံတွေ ရပ်ကွက်တွေအနှံ့ ဆေးလိုက်မှုတ်ထားတဲ့ ကိစ္စတွေက အရင်နှစ်တွေက ဖြစ်ပွားခဲ့တာပါ။

ဒီလုပ်ရပ်တွေဟာ အခြေခံ ရည်ရွယ်ချက် တူညီပြီး ပြင်သစ် လူ့အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ မြင့်တက်လာပြီး အတွင်းပိုင်း ပဋိပက္ခတွေ ပေါ်လာအောင် ရုရှား အေးဂျင့်တွေက တမင်လုပ်နေတာလို့ ယုံကြည်ရကြောင်း ပါရီ ရဲတပ်ဖွဲ့ အကြီးအကဲ လောရင့် နူးနက်ဇ်က ဆိုပါတယ်။

ဝက်ခေါင်းပြတ်တွေကိုတော့ စက်တင်ဘာ ၈ ရက် ညပိုင်းတုန်းက ပါရီအနှံ့ ဗလီ ၉ ခုလောက်ရဲ့ ရှေ့မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းမှုတွေ အပြီးမှာတော့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ပြည်ပ နိုင်ငံတစ်ခုခုရဲ့ ကြိုးကိုင်မှုတွေ ပါနေတယ်ဆိုတာ သဲလွန်စတွေ ရခဲ့တယ်လို့ နူးနက်ဇ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗလီတွေနားမှာ ဝက်ခေါင်းပြတ်တွေ ထားသွားသူတွေက နိုင်ငံခြားသားတွေချည်း ဖြစ်နေပြီး အခုအခါ ပြင်သစ်ကနေ ထွက်ခွာသွားကြပြီးပြီလို့ သိရပါတယ်။ ဒီအခြေအနေကို ကြည့်ရင်နဲ့ ပြည်တွင်းမှာ ဆူပူမှုတွေ ပဋိပက္ခတွေ ဖြစ်လာအောင် ကြံစည်တယ်ဆိုတာ ရှင်းလင်းနေကြောင်းလည်း နူးနက်ဇ်က မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ကြောင်းပြန် စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ နော်မန်ဒီမှာရှိတဲ့ လယ်သမား တစ်ဦးက သူဟာ ဆာဘီးယားနိုင်ငံ၊ လိုင်စင်နံပါတ်နဲ့ ကားတစ်စီးမှာ ပါလာတဲ့ အမျိုးသား ၂ ဦးကို ဝက်ခေါင်းပြတ် ၁၀ ခု ရောင်းချခဲ့ကြောင်း စုံထောက်တွေဆီ ထွက်ဆိုခဲ့ပါတယ်။ အဲဒီ အမျိုးသားတွေဟာ ပြင်သစ်-ဘယ်လ်ဂျီယမ် နယ်စပ်နားမှာ ခရိုအေးရှား နိုင်ငံက ဖုန်းဆင်မ်ကတ်ကို အသုံးပြုပြီး ဖုန်းခေါ်တာတွေလည်း လုပ်ခဲ့ပါတယ်။

ဝက်ခေါင်းတွေ ရောင်းခဲ့တယ်ဆိုတဲ့ လယ်သမားက အဲဒီနှစ်ယောက်ဟာ နိုင်ငံခြားသားတွေဖြစ်ပြီး ပြင်သစ်လို မပြောတတ်ကြောင်း၊ အင်္ဂလိပ် စကားပြောတာလည်း အတော်ညံ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

စားဖိုဆောင်တွေက မှာယူလို့ အရင်ကလည်း ဝက်ခေါင်းတွေ ရောင်းပေးနေကျ ဖြစ်ပေမယ့် ၁၀ ခု ဝယ်ယူသွားတာက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ သူလည်း တွေးမိခဲ့တယ်လို့ လယ်သမားက ဆိုပါတယ်။

ပြင်သစ် ထောက်လှမ်းရေးကတော့ ဒီလုပ်ရပ်ဟာ ရုရှားအေးဂျင့်တွေ၊ ဒါမှမဟုတ် ရုရှားလိုလားတဲ့ အသိုက်အဝန်းထဲက ကြံစည် ဆောင်ရွက်မှု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို ခိုင်ခိုင်မာမာ အားပေး ထောက်ခံ ရပ်တည်နေပြီး လက်နက်နဲ့ ငွေကြေးတွေလည်း ထောက်ပံ့ပေးနေတာကြောင့် ရုရှား-ပြင်သစ် ဆက်ဆံရေးဟာ အတင်းမာဆုံး အခြေအနေမျိုးကို ရောက်ရှိနေပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ နိုင်ငံခြား တပ်ဖွဲ့မှန်သမျှဟာ ရုရှားရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြီးကာလ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ကူညီကာကွယ်ပေးမယ့် နိုင်ငံတကာ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် တပ်တွေ စေလွှတ်ပေးဖို့ နိုင်ငံပေါင်း ၂၆ ခုက သဘောတူထားတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဆိုပါတယ်။

နိုင်ငံတကာ

စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေမျိုးကို ကြိုတင် စဉ်းစားပြီး လိုအပ်မယ့် ပြင်ဆင်မှုတွေကို နှစ်ဝက်လောက်အတွင်း လုပ်ဆောင်ထားကြဖို့ ပြင်သစ်အစိုးရက ဆေးရုံတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။

သတင်း

အမေရိကန် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာများက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်ကိုအထင်ကရ​နေရာ​တွေမှာပြုလုပ်ခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။