close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြမ်းဖက် ဆန္ဒပြမှုတွေကို ထောက်ခံမှုနဲ့ ဘီလီယံနာသူဌေးကြီး ဆိုရိုစ်ကို တရားစွဲသင့်ကြောင်း ထရမ့်ခြိမ်းခြောက်

ရန်လို အကြမ်းဖက်တဲ့ ဆန္ဒပြမှုတွေမှာ အားပေး ထောက်ခံနေတဲ့အတွက် ဘီလီယံနာ သူဌေးကြီး ဂျော့ဂျ်ဆိုရိုစ်နဲ့ သားဖြစ်သူဟာ တရားစွဲ ခံရသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရန်လို အကြမ်းဖက်တဲ့ ဆန္ဒပြမှုတွေမှာ အားပေး ထောက်ခံနေတဲ့အတွက် ဘီလီယံနာ သူဌေးကြီး ဂျော့ဂျ်ဆိုရိုစ်နဲ့ သားဖြစ်သူဟာ တရားစွဲ ခံရသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဆိုရိုစ်နဲ့ သူ့ရဲ့ အံ့ဩစရာ ကောင်းလောက်အောင် အစွန်းရောက် လက်ဝဲယိမ်းတဲ့ သားဖြစ်သူတို့ဟာ အမေရိကန် အနှံ့အပြားက အကြမ်းဖက် ဆန္ဒပြမှုတွေကို ထောက်ခံ အားပေးနေတာကြောင့် RICOအရ စွဲချက်တင် ခံရသင့်ကြောင်း ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ဩဂုတ် ၂၇ ရက်နေ့က ရေးသားထားခဲ့ပါတယ်။ RICO ဆိုတာဟာ မသမာတဲ့ နည်းလမ်းတွေနဲ့ စီးပွားရှာဖွေမှု၊ အဂတိ အဖွဲ့အစည်းတွေနဲ့ လွှမ်းမိုးဆက်စပ်မှုကို ရည်ညွှန်းတဲ့ ဥပဒေ ဖြစ်ပါတယ်။

ထရမ့်က အကြမ်းဖက် ဆန္ဒပြတဲ့ အရူးအနှမ်းတွေက အမေရိကန်ကို တစ်စစီ စွဲဖြဲနေတာမျိုးကို သူက ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း၊ အဲဒီလို အစွန်းရောက်တွေကို အသက်ရှူခွင့်၊ လွတ်လပ်ခွင့်တွေလည်း ခွင့်ပြုပေးနေမှာ မဟုတ်ကြောင်းလည်း ဆိုပါတယ်။

ဓာတ်ပုံ – AFP

ဆိုရိုစ် ထူထောင်ထားတဲ့ Open Society ဖောင်ဒေးရှင်းကတော့ ထရမ့်ရဲ့ စွပ်စွဲချက်တွေကို ဒေါသထွက်စရာ၊ မဟုတ်မမှန် အပုပ်ချမှုတေလို့ တုံ့ပြန်ခဲ့ပါတယ်။ Open Societyဟာ အကြမ်းဖက် ဆန္ဒပြတာတွေကို ရန်ပုံငွေ ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း၊ ဖောင်ဒေးရှင်းရဲ့ မစ်ရှင်ဟာ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ အခြေခံ စံနှုန်းတွေ ကမ္ဘာအနှံ့မှာ တိုးတက်လာအောင် ကူညီဖို့သာဖြစ်ကြောင်းလည်း Open Societyဖက်က တုံ့ပြန် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုရိုစ်ဟာ လစ်ဘရယ် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ငွေကြေးထောက်ပံ့ လှူဒါန်းမှုတွေကြောင့် ကွန်ဆာဗေးတစ်တွေက အမျက်ရှပြီး မကြာခဏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ကြုံရဖူးပါတယ်။ သူဟာ ဝစ္စကွန်ဆင် ပြည်နယ် တရားရုံးချုပ် ရွေးကောက်ပွဲဝင်မယ် ဆူဆန် ခရောဖို့ဒ်ရဲ့ မဲဆွယ် လှုပ်ရှားမှုတွေအတွက် ဒေါ်လာ ၂ သန်း လှူခဲ့ဖူးပါတယ်။ အဲဒီနောက် ခရောဖို့ဒ်ရဲ့ ပြိုင်ဘက် ဘရက်ဒ်ရှင်းမဲလ်ကို ထောက်ခံတဲ့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က အရုပ်ကောက်စက်ထဲမှာ ရှိနေတဲ့ ဆိုရိုစ်ကို သေမင်းက ကြည့်နေတဲ့ ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

ထရမ့်က သူ့ကို တရားစွဲခဲ့သူ မက်ဟမ်တန်ခရိုင် အစိုးရ ရှေ့နေ အယ်လ်ဗင်ဘရက်ဂ်ကိုလည်း ဆိုရိုစ်က ထောက်ခံခဲ့ကြောင်း စွပ်စွဲဖူးပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင်တွေထဲမှာလည်း ဆိုရိုစ်က သူတို့ကို နိုင်ငံရေးအရ ဆန့်ကျင်တိုက်ခိုက်တယ်လို့ စွပ်စွဲသူတွေ ရှိခဲ့ဖူးပါတယ်။ ရီပတ်ဘလစ်ကန်တွေက ဘရက်ဂ်ဟာ ဆိုရိုစ် ခိုင်းသမျှ လုပ်ပေးနေတဲ့ ရုပ်သေးလို့ စွပ်စွဲ ဝေဖန်ခဲ့ပေမယ့် ဆိုရိုစ်ရဲ့ အကြံပေးတွေကတော့ ဆိုရိုစ်နဲ့ ဘရက်ဂ်တို့ တစ်ခါမှတောင် လူချင်းမတွေ့ဖူးဘူးလို့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

ကိုးကား: Newsweek

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာသာရေး မုန်းတီးမှုကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုကြောင့် အမေရိကန်မှာ ကလေး ၂ ဦးသေပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ အမေရိကန်ရဲ့ ဖိနှိပ် ဗိုလ်ကျမှုတွေကို ဘယ်တော့မှ အရှုံးပေး ဒူးထောက်မှာ မဟုတ်ဘူးလို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်း သမ္မတတွေကြား မျက်နှာစုံညီ အစည်းအဝေးတစ်ခု ခပ်မြန်မြန် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ရုရှားဖက်က ပယ်ချသွားပါတယ်။

Facebook