close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချင်းမိုင်ပြည်နယ်ထဲမှာ မြေပြိုလို့ ၂ ဦးသေပြီး ၁ ဦး ပျောက်ဆုံးနေ

မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်ပြည်နယ်ထဲမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Bangkok Post

မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်ပြည်နယ်ထဲမှာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီဟာ ဗီယက်နမ် ကမ်းရိုးတန်းကနေ ကုန်းတွင်းဝင်ရောက်ပြီး ထိုင်းမြောက်ပိုင်းဆီ ရောက်လာချိန်မှာ လေဖိအားနည်း ရပ်ဝန်းငယ် အဆင့်ထိ အားလျော့ ပျက်ပြယ်လာပေမယ့် ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတလျှောက်မှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်စေပါတယ်။

ဇွန်လ ၂၇ ရက် မနက်အစောပိုင်းက ချင်းမိုင်ပြည်နယ်ရဲ့ မယ်ချမ် ခရိုင်ထဲက ကျေးရွာတစ်ခုမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုမှုတွေ ကြုံတွေ့ရပြီး လူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဘန်ပန်အွန် ကျေးရွာထဲမှာ အဆက်မပြတ် မိုးရွာသွန်းမှုတွေကနေ မြေပြိုကျခဲ့တာလို့ ချင်းမိုင်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ချတ်ချာဝယ်လ် ပန်ညာက ပြောကြားခဲ့ပါတယ်။

မြေပြိုကျရာ နေရာကို ရှင်းလင်းရှာဖွေမှုတွေ လုပ်ဆောင်ရာမှာ ရွာသား ၂ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ရွာသား တော်တော်များများလည်း ရှိခဲ့ပြီး အခြေအနေ ပြင်းထန်သူတွေကို ဆေးရုံတင်ပို့ဖို့လည်း အခက်ကြုံနေပါတယ်။ အကြောင်းကတော့ မြေပြိုမှုတွေကြောင့် လမ်းတွေပိတ်ပြီး တခြားဒေသတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

အဲဒီဧရိယာ တဝိုက်မှာ လျှပ်စစ်ဓာတ်အားနဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။ တိုင်ဖွန်း ကာဂျီကနေ အားပျော့လာတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဩဂုတ် ၂၇ ရက် မနက်ပိုင်းထိ အခြေအနေအရ ထိုင်းမြောက်ပိုင်းမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်နေ့အတွင်း ထိုင်းရဲ့ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ပန်၊ လမ်ဖွန်၊ မယ်ဟောင်ဆောင်၊ နန်၊ ဖစ်ဆာနူလော့ခ်၊ ဖရား၊ ဆူခိုထိုင်း၊ တက်ခ်နဲ့ ယူတာရာဒစ် ပြည်နယ်တွေမှာ မိုးသည်းထန်မှု၊ ရေကြီးမှု၊ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေလည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

တောလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀ ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးကို မုဒိမ်းကျင့်မှု စွပ်စွဲချက်နဲ့ ထိုင်းမှာ ဆယ်ကျော်သက် တက္ကစီယာဉ်မောင်းတစ်ဦး ဖမ်းဆီး ခံထားရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။