close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၆)မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သြဂုတ်-၂၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂၆)မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ တပ်ပေါင်းစုသပိတ်က “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး အတုအယောင် အရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း” ၊ “အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း” ၊ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြချီတက် လှည့်လည်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း “ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက်” သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း ကျေးရွာများ သပိတ်စစ်ကြောင်းက အတုအယောင် အရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာများ သပိတ်စစ်ကြောင်း” နဲ့ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြချီတက်လှည့်လည်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ