close
Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းကရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းမှ က​လေးစစ်သားတစ်ဦးအလင်းဝင်

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းမှ စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်ရောက်လာတယ်လို့ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်းက ဒီကနေ့ သြဂုတ် ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

■ရွာလုံးကျွတ်မီးရှို့ခိုင်းပြီး နေအိမ်နဲ့ဆိုင်တွေ့သမျှ စစ်တပ်ကဖောက်ထွင်းခိုးယူခဲ့တယ်လို့ထွက်ဆို

သြဂုတ် – ၂၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းမှ စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်ရောက်လာတယ်လို့ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်းက ဒီကနေ့ သြဂုတ် ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဟာ အသက် ၁၆ နှစ်အရွယ်ပဲရှိ​သေးတဲ့က​လေး စစ်သားမောင်ဇင်ကိုကိုဆိုသူဖြစ်ပါတယ်။ညအချိန်အ လုပ်မှအပြန် စစ်ကောင်စီတပ်သားတွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံရပြီး စစ်မှုထမ်းသင် တန်း အပတ်စဥ် (၁)ကို တက်ရောက်ခဲ့ရသူဖြစ်တယ်လို့ အဲဒီအလင်းဝင်တပ်သားက ထွက်ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာတွေကိုဝင်ရောက်ချိန်မှာ ရွာထဲမဝင်ခင် စစ်​ကြောင်းမှူးဆိုသူက ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရှင်းလင်းပြီးမှ ဝင်ရောက်စေခဲ့တဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း ရွာလုံးကျွတ်မီးရှို့ကြဖို့ အမိန့်ပေးစေခိုင်းခဲ့တယ်လို့ က​လေးစစ်သား ဇင်ကိုကိုက ပြောပါတယ်။

ဒါ့အပြင် တစ်ရွာကနေ နောက်တစ်ရွာကူးတဲ့အချိန်မှာ ၎င်းတို့တည်းခိုခဲ့တဲ့ ဘုန်းကြီးကျောင်းနှစ်ထပ်ဆောင်ပေါ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲခိုင်းခဲ့သလို ပြည်သူတွေထွက်ပြေးကုန်ကြလို့ ပိုင်ရှင်မဲ့ကျန်နေရစ်တဲ့ နေအိမ်နဲ့ တွေ့သမျှစျေးဆိုင်တွေကိုဖောက်ထွင်းပြီး တန်းဖိုးကြီးပစ္စည်းတွေခိုးယူတာတွေလည်း အများအပြားလုပ်ခဲ့ကြတယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

သူ့အနေနဲ့ စစ်သင်တန်းတက်စဥ်နဲ့ သင်တန်း ဆင်းပြီးချိန်တွေမှာ တပ်ထဲကထွက်ပြေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် အဆင့်ဆင့်သော သင်တန်းနည်းပြနဲ့ စစ်အရာရှိတွေက PDF ထဲဝင်ရင် လည်လှီးအသတ်ခံရမယ်၊ ခေါင်းဖြတ်ခံရမယ် စသဖြင့် ဝါဒမှိုင်းတိုက်ခဲ့တာကြောင့် အများစုဟာ အဲဒီအတိုင်းယုံကြည်နေခဲ့ကြသလို ၎င်းကိုယ် တိုင်လည်း အလားတူထင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ PDF တွေထံ အ လင်းဝင်ရောက်ရာမှာ သူ့ကိုကောင်းမွန်စွာလက် ခံထားရှိတဲ့အပြင် အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးထားတာဖြစ်လို့ ပြည်သူ့ဘက်ပူး ပေါင်းပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီလက် အောက်ခံ အရာရှိ၊ အကြပ်စစ်သည်တွေအနေနဲ့ အချိန်မနှောင်းခင် ပြည်သူနဲ့ပူးပေါင်းကြဖို့ အ လင်းဝင်တပ်သား ဇင်ကိုကိုက ရင်ဖွင့် တိုက် တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် မှာ ဇွန်လကကန့်​ဒေါင့်ရွာတိုက်ပွဲမှာ ​တော်လှန်​ရေးတပ်​တွေက စစ်တပ်နဲ့ ပျူ​စောထီး​တွေပူး​ပေါင်းထိုင်တဲ့စခန်းသိမ်းတိုက်ပွဲမှာ စစ်ကူပို့တဲ့အထဲမှာ ရန်ကုန်မှာ ​ဈေး​ရောင်း​နေရင်းစစ်တပ်ကဖမ်းပြီး စစ်သင်တန်းတက်ခိုင်းခံရတဲ့က​လေးစစ်သားတစ်ဦးပါ​နေခဲ့ပါတယ် ။စစ်ကူသွားရင် အိပ်​ပျော်​နေချိန် စစ်သား​တွေကသူ့ကိုထားခဲ့တာမှာ ​တော်လှန်​ရေးတပ်​တွေကသူ့ကိုဖမ်းမိခဲ့တာလို့ ကန့်​ဒေါင့်တိုက်ပွဲစစ်ကူသွားတဲ့က​လေးစစ်သားကထွက်ဆိုခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆီကဝေဖန်ပြစ်တင်မှုကိုခံခဲ့ရတဲ့နောက်အာဏာသိမ်း စစ်ကောင်စီဟာ ကလေးစစ်သား ၉၃ ဦးကို ပြန်လွှတ်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခဲ့သည့် စစ်မှုထမ်း တပ်သားသစ် နှစ်ဦး လက်နက်ခဲယမ်း ယူလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃)ဒေါနတပ်ရင်းထံ အလင်းဝင်လာကြောင်း ဒေါနတပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီကဖမ်းဆီးပြီးစစ်သားစုဆောင်းခြင်းခံရသူလူငယ်များတွင် ကလေးသူငယ်များအပြင်စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပါဝင်နေပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု မြောက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

Facebook