close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့်နှစ်မှာ စစ်မှုမထမ်းမနေရ ဥပဒေ စတင်ကျင့်သုံးမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော

လာမယ့်နှစ်မှာ စစ်မှု မထမ်းမနေရစနစ် စတင် ကျင့်သုံးစေမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

Reuters

လာမယ့်နှစ်မှာ စစ်မှု မထမ်းမနေရစနစ် စတင် ကျင့်သုံးစေမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်စပ် ပြဿနာတွေကို အကြောင်းပြုပြီး ထိုင်းနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ကမ္ဘောဒီးယားက အခုလိုမျိုး စစ်မှု မထမ်းမနေရ စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာ အရွယ်ရောက်ပြီး အသက် ၁၈ နှစ်နဲ့ ၃၀ ကြား နိုင်ငံသားတိုင်း လိုအပ်လာရင် စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို ၂၀၀၆ ခုနှစ် ကတည်းက လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းထားပြီးသားပါ။ ဒါပေမဲ့ ဘယ်တုန်းကမှ လက်တွေ့ အသုံးမပြုခဲ့ပါဘူး။

ဇူလိုင် ၁၄ ရက်နေ့မှာတော့ ဟွန်မာနတ်က ကမ္ဘောဒီးယား စစ်တပ်ဟာ အရပ်သားတွေကို စစ်မှုထမ်းအဖြစ် လက်ခံဖို့ကို ၂၀၂၆ ခုနှစ်မှာ စတင်ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

မေလတုန်းက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်နိုင်ငံ စစ်တပ်တွေကြား အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက ဆက်ဆံရေးဟာ သိသိသာသာ အေးခဲတင်းမာနေပါတယ်။

Public Service Announcement

Public Service Announcement

ဟွန်မာနတ်က အဲဒီ ပဋိပက္ခဟာ ကမ္ဘောဒီးယားအတွက် သင်ခန်းစာတစ်ခု ဖြစ်သလို ပြန်လည် သုံးသပ် ဆန်းစစ်ရမယ့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်နေပြန်ကြောင်း၊ ပြီးရင်တော့ စစ်တပ်ရဲ့ အသွင်ကူးပြောင်းရေး ကဏ္ဍတွေအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်သွားဖို့လည်း လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း ဆိုင်းငံ့ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၆ ခုနှစ်ကစလို့ စတင် ကျင့်သုံးသွားမှာဖြစ်ကြောင်း ဟွန်မာနတ်က ဆိုပါတယ်။ ပြီးတော့ စစ်မှုထမ်း ကာလကိုလည်း ၁၈ လအစား ၂၄ လအဖြစ် ပြင်ဆင် သတ်မှတ်ဖို့ ရည်ရွယ်ထားကြောင်း သူက ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေး အသုံးစရိတ်ကိုလည်း တိုးမြှင့်နိုင်ဖို့ အစိုးရက နည်းလမ်းတွေ ရှာဖွေမယ်လို့ ဟွန်မာနတ်က ပြောပါတယ်။ ကမ္ဘောဒီးယားရဲ့ ကာကွယ်ရေးနဲ့ စစ်ရေး စွမ်းရည် ချဲ့ထွင် တည်ဆောက်မှုတွေဟာ ဘယ်နိုင်ငံကိုမှ ကျူးကျော်ဖို့ မရည်ရွယ်ဘဲ ကိုယ့်ရဲ့ ပိုင်နက်နယ်မြေ ထိပါးခံရမှုတွေကို ဟန့်တားဖို့သာ ဖြစ်တယ်လို့လည်း ဟွန်မာနတ်က ပြောဆိုသွားခဲ့ပါတယ်။

ထိုင်းမှာတော့ ငယ်ရွယ်ကျန်းမာတဲ့ အမျိုးသားတွေ စစ်မှုထမ်းဖို့ ဥပဒေမျိုး ကျင့်သုံးနေပြီး စစ်မှုထမ်းရမလား၊ ကင်းလွတ်မလား ဆိုတာကို မဲစနစ်နဲ့ ရွေးချယ်လေ့ ရှိပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ