close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ​တောင်းပိုင်းသို့မုတ်သုန်​စဝင်​ ၊ ​ရေကြီးမှု နှင့် ​လေပြင်းသတိပြုရန် NUG သတိ​ပေး

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံ​တောင်ပိုင်းသို့စတင်ဝင်ရောက်လာပြီဖြစ်ပြီး ရေကြီးမှု နှင့် လေပြင်းဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

ရွှေဘို -မြစ်ကြီးနားလမ်းတနေရာ၌ ​မေ ၁၇ ရက်နေ့က ရေကျော်နေစဉ်။ ဓါတ်ပုံ-Kawlin Info

​မေ-၁၈၊၂၀၂၅။ကဖေး/People’s Spring

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံ​တောင်ပိုင်းသို့စတင်ဝင်ရောက်လာပြီဖြစ်ပြီး ရေကြီးမှု နှင့် လေပြင်းဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသများတွင် မေလ (၁၃)ရက်နေ့မှ စတင်ဝင်ရောက်ခဲ့သည်။ဆက်လက်၍ မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများသို့ မေလ (၂၂)ရက်နေ့မှ (၂၆)ရက်အတွင်း၌လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ ဇွန်လ (၁)ရက်နေ့နောက်ပိုင်းတွင်လည်းကောင်း ဝင်ရောက်နိုင်ကြောင်း MOHADM ကခန့်မှန်းထားသည်။

အ‌နောက်တောင်မုတ်သုံလေဝင်ရောက်ချိန်တွင် နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်ချည်းရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မေလ ၉ရက်မှစ၍ မြန်မာနိုင်ငံလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများတွင် နေရာကွက်မိုးကြီးခဲ့ပြီး ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်းနေရာအချို့ ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြကျေးရွာတွင် မေလ ၉ရက်က လေပြင်းတိုက်ခတ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံအချို့ပျက်စီးခဲ့သည်။

မန္တလေးမြို့တွင် မေလ ၁၀ရက်ည‌နေပိုင်း၌ မိုးသီးများကြွေသည်အထိ မိုးသက်လေပြင်းကျပြီး ငလျင်ဒဏ်ထိ တိုက်အိမ်ပြိုကျတာ နှစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် မေလ ၁၇ရက်​နေ့ကကမန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးခဲ့သည်။ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းနေရာအချို့ ရေကျော်ခဲ့သည်။

အနောက်တောင်မုတ်သုန်လေဝင်ရောက်ခြင်းနှင့်အတူ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်ဖြစ်နိုင်ခြေအား စောင့်ကြည့်နေကြောင်းနှင့်ဒေသအများစုတွင် မွန်းလွဲ/ညနေပိုင်း အချိန် များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိ‌ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အအေးပိုလာသည့်အခြေအနေကြောင့် စစ်ဘေးရှောင်များအား အကူအညီများပိုမိုပေးအပ်ကြရန် အရပ်ဖက်လူမှု့အဖွဲ့အစည်းများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးမြင့်တက်လာပြီး မြေနိမ့်ပိုင်းများရေဝင်နေကြောင်း ဒေသခံများထံမှသိရသည်။

သတင်း

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။