close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန်စွပ်စွဲ

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပဋိပက္ခ ဒုတိယမြောက်နေ့အဖြစ် မေလ ၈ ရက်နေ့မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရပါတယ်။

Reuters

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပဋိပက္ခ ဒုတိယမြောက်နေ့အဖြစ် မေလ ၈ ရက်နေ့မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရပါတယ်။

မေလ ၇ ရက်နေ့က အိန္ဒိယရဲ့ ဆင်ဒူး စစ်ဆင်ရေးအရ ပါကစ္စတန်ရဲ့ မြို့တချို့နဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲကို အိန္ဒိယက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက နှစ်ဖက် လေတပ်တွေကြား လေကြောင်းတိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မေလ ၈ ရက်နေ့မှာတော့ ပါကစ္စတန်က အိန္ဒိယရဲ့ ဒရုန်းပေါင်း ၂၅ စီးလောက်ကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း ပြောကြားသွားပြီး အိန္ဒိယကလည်း နိုင်ငံရဲ့ စစ်ရေးပစ်မှတ်တွေကို ဦးတည် ပစ်ခတ်လာတဲ့ ပါကစ္စတန် ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ဟန့်တားခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ အဆိုအရ အိန္ဒိယဟာ အစ္စရေးလုပ် ဒရုန်းတွေကို အသုံးပြုပြီး ပါကစ္စတန် ပိုင်နက်ထဲက မြို့တချို့ကို ပစ်မှတ်တွေ ဖြန့်ဝေပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အိန္ဒိယက ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ မြို့တွေထဲမှာ ကရာချိနဲ့ လာဟိုးတို့လို မြို့ကြီးတွေ ပါဝင်ပြီး ဒရုန်းတစ်စီးကိုလည်း ပါကစ္စတန်စစ်တပ် အလုံးအရင်း တပ်စွဲထားရာ ခံတပ်မြို့ဖြစ်တဲ့ ရာဝယ်လ်ပင်ဒီ လေပိုင်နက်ထဲမှာ ပစ်ချခဲ့ရတာလို့ ပါကစ္စတန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ရာမှာတော့ ပါကစ္စတန်ဟာ အိန္ဒိယ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ စစ်ရေး ပစ်မှတ်တချို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အိန္ဒိယ လေကြောင်းကာကွယ်ရေး စနစ်တွေက ဟန့်တားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေအရ အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နိုင်ငံနှစ်ခုရဲ့ တင်းမာမှုတွေဟာ လျော့ကျသွားမယ့် အလားအလာ မမြင်ရသေးပါဘူး။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က လက်ရှိ တင်းမာမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပြီး အမေရိကန်ဟာ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံး အမှုထမ်းတွေကို ဘေးကင်းတဲ့နေရာ ရွေးချယ် ခိုလှုံနေကြဖို့ ညွှန်ကြားထားပါတယ်။

မေလ ၇ ရက်နေ့မှာ အိန္ဒိယက ပါကစ္စတန်ဖက်က နေရာ ၉ ခုကို အကြမ်းဖက် အဖွဲ့အစည်းတွေ ခိုလှုံရာ စစ်ရေးပစ်မှတ်တွေအဖြစ် စွပ်စွဲပြီး လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့တဲ့နောက် ပါကစ္စတန်ကလည်း ကျိန်းသေပေါက် လက်တုံ့ပြန်မှာ ဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်ဖ်က ပြောကြားထားပါတယ်။

စစ်ပွဲကြီး ၄ ကြိမ် ဖြစ်ပွားဖူးတဲ့ နှစ်နိုင်ငံကြားမှာ လက်ရှိ စစ်ရေး ပဋိပက္ခတွေဟာ ဆယ်စုနှစ် တော်တော်များများအတွင်း အတင်းမာဆုံး အခြေအနေမျိုး ရောက်ရှိလာကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ-ပါကစ္စတန် စစ်ရေး ပဋိပက္ခဟာ အမေရိကန်နဲ့ ဘာမှမဆိုင်တာကြောင့် နက်နက်ရှိုင်းရှိုင်း ဝင်မပါချင်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ဆီကနေ မှာယူထားတဲ့ တိုက်လေယာဉ်တွေကို အသုံးပြုပြီး အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တာလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

သတင်း

အိန္ဒိယက မြန်မာနိုင်ငံပိုင်နက်အတွင်းဝင်၍ ခြံစည်းရိုးကာရံနေမှုကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက ကန့်ကွက်တားမြစ်ထားသော်လည်း ဆက်ကာနေသည့် အိန္ဒိယအစိုးရ၏ လုပ်ရပ်အပေါ် တမူးဒေသခံများနှင့် တော်လှန်ရေးအင်းအားစုများက ပြစ်တင်ရှုတ်ချနေသည်။

နိုင်ငံတကာ

ပါကစ္စတန်ဖက်က ပစ်ချမှုကြောင့် အိန္ဒိယရဲ့ Rafale တိုက်လေယာဉ် အနည်းဆုံးတစ်စီး ပျက်ကျခဲ့တယ်လို့ ပြင်သစ် ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။