close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေ လက်မြှောက် အလျှော့ပေးသွားလို့ အမေရိကန်က တိုက်ခိုက်မှုတွေ ရပ်တော့မယ်လို့ ထရမ့်ပြော

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

EPA

ဟိုသီ တပ်ဖွဲ့တွေက လက်မြှောက် အလျှော့ပေးသွားပြီ ဖြစ်တာကြောင့် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ယီမင်အခြေစိုက် ဟိုသီတွေဟာ ပင်လယ်နီထဲမှာ သွားလာနေတဲ့ အမေရိကန်ရဲ့ စစ်ဘက်နဲ့ အရပ်ဖက် ရေယာဉ်တွေကို ရန်လို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ဟာ မတ်လကစပြီး ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် ဗုံးကြဲနေခဲ့ပါတယ်။

ဒီအတောအတွင်း ဟိုသီတွေရဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေကြောင့် အမေရိကန်ဖက်ကလည်း ဒရုန်းတွေနဲ့ တိုက်လေယာဉ် ဆုံးရှုံးမှု အခြေအနေတွေ ကြုံခဲ့ပါတယ်။

မေလ ၆ ရက်နေ့မှာတော့ ထရမ့်က ဟိုသီတွေဟာ လုံးဝဥဿုံ အလျှော့ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အမေရိကန်ကလည်း ယီမင်မှာ စစ်ဆင်ရေးတွေ ဆက်မလုပ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီတွေက အမေရိကန်နဲ့ ဆက်ပြီး မတိုက်ခိုက်ချင်တော့ကြောင်း၊ ဒီဆန္ဒကို အမေရိကန်ဖက်ကလည်း လေးစားပေးမှာဖြစ်ပြီး ဗုံးကြဲမှုတွေကို ရပ်တန့်တော့မှာဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးနဲ့ တွေ့ဆုံချိန်မှာ သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

ထရမ့်က အဲဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီတပ်နဲ့ အမေရိကန် အစိုးရကြားမှာ ညှိနှိုင်းပေးနေတဲ့ အိုမန် အစိုးရကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခု ရရှိခဲ့ပြီလို့ ကြေညာသွားပါတယ်။ အဲဒီ သဘောတူညီမှုအရ ဟိုသီဟာ ပင်လယ်နီ ရေကြောင်းသွားလာမှုတွေကို ဆက်ပြီး မတိုက်ခိုက်တော့ဖို့ လက်ခံ ကတိပြုခဲ့တယ်လို့ အိုမန်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဟိုသီတွေဟာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုနဲ့ နိုင်ငံတကာ ကုန်သွယ်စီးပွား ရေကြောင်းပို့ဆောင်မှုတွေအပေါ် လေးစားပေးသွားလိမ့်မယ်လို့ အိုမန်ဖက်က ဆိုပါတယ်။ ဟိုသီတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မတ်လမှာ စစ်ဆင်ရေးတွေ စတင်ခဲ့ချိန် ကတည်းက အမေရိကန်ဟာ ယီမင်မှာရှိတဲ့ ဟိုသီ စစ်ရေးပစ်မှတ်ပေါင်း ၁၀၀၀ လောက်ကို ဗုံးတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်နေခဲ့တာပါ။

အိုမန် နိုင်ငံခြားရေး ဝန်ကြီး ဘာဒါ အယ်လ် ဘူဆိုင်ဒီကတော့ သူ့ရဲ့ နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသက တင်းမာမှု တစ်ခုကို ပြေလျော့သွားအောင် ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့ရဲ့ နိုင်ငံဟာ ရောင်းကုန်မဟုတ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာစေချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ လူသိရှင်ကြား ပြောဆိုမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် မတ်ခ်ကာနေးက သူ့သဘောထားကို တိုက်ရိုက်...

နိုင်ငံတကာ

နိုင်ငံရဲ့ အဓိက လေဆိပ်ကို ဟိုသီ အင်အားစုတွေ ပစ်ခတ်တဲ့ ဒုံးကျည် ထိမှန်ခဲ့တဲ့နောက် ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ အစ္စရေး ဝန်ကြီးချုပ်က သတိပေး ပြောကြားထားပါတယ်။

နိုင်ငံတကာ

တတိယ သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားနေတယ်ဆိုတာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

လတွေနဲ့ချီ ညှိနှိုင်းမှုတွေ အပြီးမှာတော့ အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဟာ ယူကရိန်း ပိုင်နက်ထဲက ဓာတ်သတ္တု သယံဇာတတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူ စာချုပ်ကို ဧပြီ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝါရှင်တန် ဒီစီ မြို့တော်ဆီ ရောက်ရှိလာခဲ့တဲ့ ယူကရိန်း ဒုတိယ...

Facebook