ကဖေး/People’s Spring
တံတားဦးလေဆိပ်တွင် ယနေ့ (မေ ၆)ညနေပိုင်း၌ မန္တလေးမှရန်ကုန်သို့ ပျံသန်းမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင် လေယာဉ်တစ်စင်းလေယာဉ်တစီး ပြေးလမ်းပေါ် ၌ မီးလောင်ခဲ့ပြီး ခရီးစဉ်ဖျက်သိမ်းလိုက်ရသည်။
ညနေ ၆နာရီခွဲ ထွက်မည့်လေယာဉ်အမှတ် UB 812သည် ဘီးမီးလောင်ခြင်းဖြစ်ပြီး လေကြောင်းလိုင်းသည် ယင်းပြဿနာကို စနစ်တကျဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း ခရီးသည်များကဝေဖန်နေကြသည်။
“Captain ကိုယ်တိုင် မီးလောင်တာ မီးငြိမ်းနေပါပီ လို့ ဝန်ခံတဲ့ အချိန်ထိတောင် Emergency တံခါးပေး မဖွင့်ဘူးဆိုးလိုက်တဲ့ MNA ပီးတော့ ပြေးလမ်းပေါ်မှာ ဒါတောင် အပေါ်ပျံဖို့ နှစ်ခါ Try သေးတာ လုံးဝ မတက်လို့ညှော်နံ့ ထွက်မှ မီးလောင်မှန်းသိတာ”ဟု ခရီးသည်တဦးကဖေစ်ဘွခ်လူမှုကွန်ယက်တွင်ရေးသားထားသည်။

Public Service Announcement
အခြားခရီးသည်တစ်ဦးကလည်း”Right time boarding ခေါ်တော့ ပျော်ရွှင်စွာ ရန်ကုန်ကို စောစီးစွာ ပြန်ရောက်မယ်ဆိုပြီး လေယာဥ် ပေါ်တက်တာပေါ့။ လေယာဥ်စအတွက် အရှိန်ယူပြီးမှ ရုတ်တရက်ကြီ desk stop အုပ်တာသိလိုက်တော့.. ဘာဖြစ်တာလဲပေါ့။ လေယာဥ် ပြန်လှည့်ပြီး အရှိန်ပြန်ယူတက်တယ်။ ဘီးသံက မညက်တော့ဘူး။ သံ’ အသံတွေထွက်လာပြီ။ Captain က လည်း ဖြည်းဖြည်းချင်း ပြန်ထိန်းပြီး လေယာဥ်ကို ရပ်လိုက်တယ်။ ဘုရားပေးတဲ့ အသိတရားတခုက သူငယ်ချင်းကို ပြောလိုက်တယ်။ ” ဘီးပေါက်ပြီ” လို့။ လေယာဥ်ဘီးပေါက်တာကို announcement မလုပ်ဘူး။ “စက်ချို့ယွင်းနေတယ် စစ်ဆေးနေတယ်”ချည်း ပြောပြီး ၁၅ မိနစ်လောက် ခရီးသည်တွေကို ထိုင်ရာက မထခိုင်းဘူး။ စောင့်နေရင်းနဲ့ ညှော်နံ့က ထွက်လာပြီ။ ဘာတံခါးမှ ဖွင့်မပေးဘူး။ ကိုယ်တွေကို ညှော်ခံခိုင်းတယ်။ အဲ့ချိန်မှာ ခရီးသည်တွေ ငိုသူ အော်သူ open the door ဆိုပြီး နိုင်ငံခြားသားတွေအော် သံနဲ့ ယောက်ယက် ခတ်ကုန်ပြီ။ နောက်ဖက်က “မီးလောင်နေတယ်” ဆိုတဲ့အသံနဲ့အတူ ရှေ့ဖက်ကိုထွက်လာကြတော့ ပိုဆိုးရော။ နောက် ၁၀ မိနစ်ကြတော့ Captain ကိုယ်တိုင် ” ဘီးပေါက်နေလို့ မီးလောင်သွားပါတယ်။ မီးလည်း ငြိမ်းသွားပြီ။ safe ဖြစ်ပါပြီ ” ပြောတော့မှ ဆဲဆိုသံက ပိုဆိုးရော။တရုတ်သံ၊ ဘိုသံ ၊မြန်မာသံနဲ့ .. လေယာဥ်အတွင်းမှာ ပြွတ်ကြပ်ညှပ်ပိတ်နေပြီ။ လေကမရ မွန်းကြပ်လာပြီ။ အရေးပေါ်တံခါးလည်း ဖွင့်ခွင့်မပေး, ကိုယ်တွေက အရေးပေါ်တံခါးနားထိုင်နေတော့.. “အရေးပေါ်တံခါးနားထိုင်သူတွေ ဘာလုပ်နေလဲ ဆိုတာ အသံထွက်လာသေးတယ်။” အော်.. တခနလေးအတွင်းမှာ ကမ္ဘာလေး ခနပျက်သွားသလို…. နာရီ၀က်အတွင်းမှာ ခရီးသည်တင်ဖို့ ကားလာတော့မှ သက်ပြင်းချပြီး လေယာဥ်ပြန်စီးဖို့ စောင့်နေရပြီ” ဟု ၎င်း၏အတွေ့အကြုံကိုလူမှုကွန်ယက်တွင်ရေးသားထားသည်။
ရန်ကုန်သို့ပြန်လိုသူများအား ကားစီစဉ်ပေးမည်ဟုလည်း ပြောကြောင်း ခရီးသည်အချို့ကမှတ်ချက်ပြုကြသည်။MNA လေကြောင်းလိုင်းကမူ မေ ၆ ရက်ည ၁၀ နာရီခန့် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
