close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကို လေဆိပ်တွေ ပိတ်ထားခဲ့ရတယ်လို့ ရုရှားပြော

ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့တဲ့နောက် မော်စကို မြို့တော်မှာရှိတဲ့ လေဆိပ်ကြီးတွေ အားလုံးကို ယာယီ ပိတ်ထားရကြောင်း ရုရှားက ပြောပါတယ်။

EPA

ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့တဲ့နောက် မော်စကို မြို့တော်မှာရှိတဲ့ လေဆိပ်ကြီးတွေ အားလုံးကို ယာယီ ပိတ်ထားရကြောင်း ရုရှားက ပြောပါတယ်။

မေလ ၄ ရက်နဲ့ ၅ ရက် နှစ်ညဆက်တိုက် ယူကရိန်းဟာ မော်စကို မြို့တော်ကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရုရှားက စွပ်စွဲခဲ့ပြီး မော်စကိုရဲ့ အထင်ကရ လေဆိပ် အားလုံးကို လုံခြုံရေးအရ ယာယီ ပိတ်ခဲ့ရကြောင်း ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

မော်စကို မြို့တော်ဝန် ဆာဂျီ ဆိုဘီယာနင်က မေလ ၅ ရက် ညပိုင်းမှာ အရပ်မျက်နှာ ပေါင်းစုံကနေ မော်စကိုဆီ ဦးတည်ပျံသန်းလာနေခဲ့တဲ့ ယူကရိန်း ဒရုန်း ၁၉ စင်းထက် မနည်းကို ပစ်မှတ်မရောက်ခင် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ မတိုင်ခင် ညတုန်းကလည်း ယူကရိန်းဒရုန်း ၂၆ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒရုန်း အပျက်အစီး တချို့ဟာ အဝေးပြေးလမ်းမကြီး တစ်ခုပေါ် ကျဆင်းခဲ့ပေမယ့် လူတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့လည်း ဆိုဘီယာနင်က ဆက်ပြောပါတယ်။

ရုရှားရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ blogတချို့ကတော့ မော်စကိုတောင်ပိုင်းက အဆောက်အအုံ တစ်ခုမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ပြတင်းပေါက်တွေ ကွဲထွက်ကုန်တာမျိုး ကြုံခဲ့တယ်လို့ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဖက်ကတော့ မော်စကိုမြို့ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလား ဆိုတာကို မှတ်ချက် မပေးသေးပါဘူး။ တစ်ဖက်မှာတော့ ယူကရိန်းရဲ့ ခါကစ်ဗ် မြို့တော်ဝန်ရုံးက ခါကစ်ဗ်နဲ့ မြို့တော် ကိယက်ဗ်တို့မှာ ရုရှားရဲ့ ညလုံးပေါက် ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့တယ်လို့ ကြေညာထားပါတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းမှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့တဲ့နောက်ပိုင်း ယူကရိန်းဟာ မော်စကိုမြို့ကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အကြိမ်တချို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။ အခုနှစ် မတ်လတုန်းကတော့ မော်စကိုဟာ ယူကရိန်းရဲ့ အပြင်းထန်ဆုံး ဒရုန်းတိုက်ခိုက်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတွေနဲ့ချီ ညှိနှိုင်းမှုတွေ အပြီးမှာတော့ အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေဟာ ယူကရိန်း ပိုင်နက်ထဲက ဓာတ်သတ္တု သယံဇာတတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူ စာချုပ်ကို ဧပြီ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝါရှင်တန် ဒီစီ မြို့တော်ဆီ ရောက်ရှိလာခဲ့တဲ့ ယူကရိန်း ဒုတိယ...

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်နဲ့ သတ္တု သယံဇာတတွေကို ပူးပေါင်းတူးဖော်ရေး သဘောတူ စာချုပ်ကို အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည် ကာလမှာ သုံးရက်ကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အဆုံးမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုဖို့ လိုက်လျောလာတော့မယ်လို့ သူယူဆကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook