Hi, what are you looking for?
စစ်ကောင်စီမှ အရပ်သားများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)က ထုတ်ပြန်သည်။
စစ်ကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မနေ့ မေလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။