close
Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်သစ်ပါတီ၏တပ်ရင်း(၅) စစ်ကောင်စီတိုက်ခိုက်နေသည့် NMSP-ADနှင့် ပူးပေါင်း

ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ တပ်ရင်းတစ်ခုသည် NMSPမှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံပူးပေါင်းလာကြောင်း NMSP-ADက အတည်ပြုသည်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD၏ အထူးကွန်မန်ဒိုရဲဘော်များ။ ဓာတ်ပုံ - NMSP-AD

ဟန်နွေ/People’s Spring

ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ တပ်ရင်းတစ်ခုသည် NMSPမှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံပူးပေါင်းလာကြောင်း NMSP-ADက အတည်ပြုသည်။

ဘုရားသုံးဆူဒေသရှိ NMSP၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)သည် အောက်တိုဘာ ၆ရက်တွင် NMSP-AD နှင့် ပူးပေါင်းလာခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီသတင်း ဟုတ်ပါတယ်လောက်ပဲပြောအုံးမယ်”ဟုလည်း နိုင်ဗညားမွန်က ပြောသည်။

NMSPတွင် မော်လမြိုင်ခရိုင် တပ်ရင်း၊ ထားဝယ်ခရိုင်တပ်ရင်း၊ သထုံခရိုင် တပ်ရင်း၊ ဘုရားသုံးဆူဒေသတပ်ရင်း၊ ရေးချောင်ဖျားဒေသ တပ်ရင်းတို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်ဟု နိုင်ဗညားမွန်က ပြောပြသည်။

NMSPသည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်နှင့်ပတ်သက်၍ အဖွဲ့တွင်း သဘောထားကွဲကာ ယခုနှစ်ဆန်းတွင် နိုင်ငံရေးနှင့် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် အစုအဖွဲ့က NMSP-ADအဖြစ် စုဖွဲ့ပြီးစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

NMSP-AD အနေဖြင့် NCA အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှ လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကြောင်း အသိပေးထားသည်။ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊နွေဦးတော်လှန်ရေး အဖွဲ့များ နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအရ နေရာဒေသအသီးသီး၌ အထိနာလျက်ရှိပြီး တပ်ဖွဲ့ဝင် အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အမည်ဖြင့် အသက် ၃၅နှစ် မှ ၆၅ နှစ်အကြားရှိ ပြည်သူများကို စုဆောင်းရန် ကြိုးပမ်းနေသည့် လုပ်ရပ်ကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)က ဆန့်ကျင်ကြောင်း ဖော်ပြကာ ပူးပေါင်းပါဝင်ခြင်းမပြုရန်...

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ ရဲဘော်တစ်ဦးကျဆုံးကြောင်း မွန်ပြည်သစ်ပါတီ(AD)က ယနေ့ထုတ်ပြန်သည်။

သတင်း

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်ဖို့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ လည်း ကြေညာချက်မှာဖော်ပြတယ်။

သတင်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် အပစ်ရပ် ၁၀ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၇ဖွဲ့သာ ပါဝင်မှုရှိရာ ယခု NMSPက ထပ်မံ၍ နုတ်ထွက်လိုက်ခြင်းဖြစ်သည်။