close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်ကို စစ်တပ် ထပ်မံဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၄ဦးသေဆုံး၊ ၁၂ဦး ဒဏ်ရာရ

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ထိခိုက်သေဆုံးထိခိုက်မှုများ။ ဓာတ်ပုံ - KNU)

မတ်-၁၀၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်က တကူကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၄ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီက မတ်လ ၁၀ရက် နေ့လည် ၁၂နာရီကျော်မှာ တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ မနေ့က မတ်လ ၉ရက်မှာလည်း တနင်္သာရီမြို့နယ်က တဖီလေးခိုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် ၃ဦး အပါအဝင် ၆ဦး သေဆုံးကာ ကလေးငယ် ၃ဦး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ KNUထိန်းချုပ်နယ်မြေက ရွာကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာလို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားလစ်ဟာတဲ့နေရာတွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ KNU တပ်မဟာ အသီးသီးနယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ စစ်ကြောင်းထိုးတာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်တပ်က�ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးရာ နှစ်ပတ်အတွင်း ကျေးရွာ၁၀ရွာထပ်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းထောက်လှမ်း ရေးနဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုး‌နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်းကတကောင်းမြို့ကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တကောင်းလမ်းဆုံနဲ့ (၄)မိုင်အကွာကိုရောက်လာပြီးလက်နက်ကြီးပစ်ခတ်တာတွေ ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ်နေတယ်လို့ တော်လှန်​ရေးတပ်တွေက ပြောပါတယ်။

Trending

Facebook