close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းတွေ မီးလောင်

မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်စျေးက ဆိုင်ခန်းတွေ ဒီကနေ့ညဦးပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

(မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းများ မီးလောင် ကျွမ်းနေစဥ်။ ဓာတ်ပုံ - Than Htay)

မတ်-၁၀၊၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်စျေးက ဆိုင်ခန်းတွေ ဒီကနေ့ညဦးပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၁၀ ရက် ညနေ ၆နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ လမ်း ၄ဝနဲ့ ၄၁ လမ်းကြား၊ ၈၇လမ်းမှာရှိတဲ့ မဟာအောင်မြေ ကျောက်မျက်ရတနာစျေးမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ကျောက်ဝိုင်းအရှေ့ဘက်ခြမ်းက ဆိုင်ခန်းတွေလောင်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ည ၇နာရီကျော်မှာတော့ မီးထိန်းနိုင်ခဲ့ပေမဲ့ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ လက်တလော မီးလောင်ဆုံးရှုံးတဲ့ ဆိုင်ခန်းအရေအတွက် မသိရသေးပါဘူး။

မနေ့ညကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဈေးတန်းရပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ဒီနေ့ (ဖေဖော်ဝါရီ၂၂) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့ပါတယ်။

Trending

Facebook