close
Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းအ​ရှေ့ခြမ်းကိုစစ်တပ်ဗုံးကြဲ ပြည်သူ ၂ ဦး​သေဆုံး

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ )

မတ်-၁၀ ၊၂၀၂၆။ဇော်ဝင်း/Peoples Spring

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲဝန်းကျင်က ထီးလင်းမြို့နယ်အရှေ့ခြမ်းရေမျက်နီကျေးရွာ နဲ့ ၁၀ မိုင်ခန့်အကွာက ကျေးရွာကို စစ်တပ်က တိုက်​လေယာဥ်နဲ့ လေကြောင်းက​နေဗုံးကြဲခဲ့တာပါ။

ဗုံးကြဲခံရတာကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ခေါင်းပြတ်ပြီး အသက် ၂၂ အရွယ်အမျိုးသမီးက ဦးခေါင်းထိမှန်ပြီး သေဆုံးသွားရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ဘာတိုက်ပွဲမှမရှိဘူး။ဗုံးက ရွာတောင်ပိုင်းကို ကျတာ။ပေါင် ၂၀၀ ဗုံး လောက်ဖြစ်မယ်” လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာအိမ်ထောင်ရှင်တွေ ဖြစ်ပြီး တစ်နှစ်အရွယ်ကလေးငယ် နဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးတွေကျန်ရစ်ခဲ့တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့လ ၅ ရက်နေ့က ထီးလင်းမြို့နယ်နဲ့ထိစပ်နေတဲ့ ဆောမြို့နယ် မိအယ်ကျေးရွာကိုစစ်တပ်က လေကြောင်းက​နေဗုံးကြဲကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပါ​သေးတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာလည်း တနသာ်ရီ နဲ့ ကရင်နီပြည်နယ်တို့မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားငါးဦးထက်မနည်းသေဆုံးထိခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ‌ကလေးငယ်တွေ၊ ဈေးရောင်းဈေးဝယ်နေသူတွေအပါအဝင်ပြည်သူ ၁၇ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ကတရာဝင် သတင်းထုတ်ပြန်ပါတယ်ယိုးငူကျေးရွာဈေးကိုဖေဖော်ဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၇မိနစ်မှာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာပါ။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်းထိိခိုက်သေ ဆုံးတယ်လို့ ကနဦးသတင်းရရှိပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ဌာနချုပ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၁ရက် မနက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ရဲ့ မြောက်ဘက် တောင်ကုန်းတခုမှာရှိတဲ့ KIA တပ်စခန်းနေရာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Trending

Facebook