close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာက ထနောင်းတောမြောက်ရွာကို စစ်တပ် ဝင်စီးပြီး လူငယ် ၂ဦး ပစ်သတ်

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မတ်-၁၀၊ ၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မတ်လ ၉ရက် ည ၈နာရီခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ စွမ်းရည်ထက်ဆီဆိုင်အနီးက စစ်ကောင်စီတပ်ဟာ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာပါ။

“ ထနောင်းတောမြောက်ရွာဝင်တဲ့ စစ်ကြောင်းက နှစ်ယောက်သတ်သွားတာ” လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူတွေဟာ အသက်(၁၅)နှစ် အရွယ်ရှိ ဆယ်ကျော်သက်ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကိုသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး မတ်လ ၅ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပြည်သူ (၃၀၀) ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ စစ်တပ် လက်ချက်ကြောင့် သေဆုံးပြည်သူ ၄၀ ကျော်ရှိရာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ပဲခူးခရိုင် တပ်ရင်း(၂) က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုး‌နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်းကတကောင်းမြို့ကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တကောင်းလမ်းဆုံနဲ့ (၄)မိုင်အကွာကိုရောက်လာပြီးလက်နက်ကြီးပစ်ခတ်တာတွေ ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ်နေတယ်လို့ တော်လှန်​ရေးတပ်တွေက ပြောပါတယ်။

သတင်း

(ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေအစုလိုက်သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ - KPSN)

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားသုံးဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူး ဗိုလ်စွမ်းက လူထုနွေဦးကို ပြောပါတယ်။

Facebook