close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့ ဝါယာရှော့မီး နေအိမ်ခြောက်လုံး ဆုံးရှုံး

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လျှပ်စစ်‌ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့ပြီး နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်-၁၀၊၂၀၂၆။တေဇ/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လျှပ်စစ်‌ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့ပြီး နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ (မတ်၁၀) နေ့လည် ၁နာရီလောက်မှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာ (၂)လမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး နာရီဝက်ခန့်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မီးစတင်လောင်တဲ့ အိမ်အပေါ်ထပ်မှာ အားသွင်းခုံ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်တာလို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ အိမ်ခြေ ၆ အိမ်ပါသွား၊လူဦးရေ ၃၈ ယောက်အား အလကတွဲဘက်(၁)ကျောင်းဝန်းအတွင်းယာယီနေထိုင်လျှက်ရှိပြီးယနေ့ ညစာအတွက်စီစဥ်ထားပြီး စောင်ခြင်ထောင်ခေါင်းအုံးနှင့်စားသောက်ကုန်များလှူဒါန်းနိူင်ပါသည်။” လို့ မင်းမင်း အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မီးဘေးသင့်ပြည်သူတွေအတွက် အကူအညီတောင်းခံထားပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း မတ်လ ၉ရက်ညက ဖယောင်းတိုင်မီးကတဆင့် မီးလောင်မှုဖြစ်ခဲ့ရာ နေအိမ်ခြောက်လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးရာမှာသုံးဖို့ ပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရထားလမ်းသံလမ်းဘေးက နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

သတင်း

အဆိုပါဆေးခန်းသည် ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များကပါ လာရောက်ဆေးကုသသူများရှိကြောင်း မြို့ခံအချို့က ပြောသည်။

Trending

Facebook